Chapter 11 - မနက်စာ ပို့ပေးခြင်း

1.4K 272 14
                                    

Unicode

သွမ့်ရှူးထုန် ကားနောက်ခန်းဆီ လျှောက်သွားလိုက်တယ် ။

ရှီသွမ့် ပြတင်းပေါက်မှန်ကို ချလိုက်တယ် ။ သူ့မျက်နှာမှာ ဘာအမူအရာမှ ရှိမနေဘူး ။ သူကအမြဲတမ်းဒီလိုပဲ ။ သူ့ကိုသိတဲ့ လူတွေက အဲ့အကျင့်ကို သိကြတယ် ။

“ အန်ကယ်ရှီ မနေ့က ကျွန်တော့်ကို တကူးတကလာခေါ်ပေးပြီး လျို့ကောကိုတောင် ကျွန်တော်ပစ္စည်းသွားဝယ်ဖို့ ကူပို့ပေးခိုင်းသေးတယ် ။ ကျွန်တော့်မှာ ကျေးဇူးတင်စရာ ဘာမှတော့မရှိပါဘူး ။ ဒီမနက်ကတင် ဆန်ပြုတ်နဲ့ ဖက်ထုပ်တွေ ပိုဝယ်လာမိတာနဲ့ ဓာတ်ဘူးထဲမှာ ထည့်ထား‌လိုက်တယ် ။ ဗိုက်ဆာတဲ့အခါကျ နားချိန်ခဏလောက်ယူပြီး စားလိုက်နော် ။ "

သွမ့်ရှူးထုန် အဲ့လိုပြောပြီးတာတောင်မှ ထိုသူက အစားသောက်ထည့်ထားတဲ့ဓာတ်ဘူး သုံးဘူးကို မသိချင်ယောင်ဆောင်နေတုန်းပဲ ။

မနက်စာမစားတာက ခန္ဓာကိုယ်ကို သိပ်ပြီး မထိခိုက်စေဘူး ။ ဒါပေမယ့် သူ့နားက လူသုံးယောက်ရဲ့ ပုံစံကတော့ တကယ်ကို အဆင်ပြေနေတဲ့ပုံမပေါ်ဘူး ။

မနေ့က စူပါမားကတ်မှာ ဓာတ်ဘူးသုံးဘူး သူဝယ်လာခဲ့သည် ။ အိမ်ပြန်ရောက်တာနဲ့ ရေနွေးနဲ့ ဓာတ်ဘူးတွေကိုပြုတ်ပြီး သန့်ရှင်းအောင် ဆေးထားခဲ့သည် ။

ရှီသွမ့် က ချန်းနျဉ်နဲ့ ရှောင်လျို့ကို တမင်မစားခိုင်းတာမဟုတ်ပေမယ့် စားသောက်ဖို့ နားချိန်မယူခင် သူတို့ရဲ့အလုပ်တွေကို အရင်ဂရုစိုက်ပြီး ပြီးအောင်လုပ်သင့်တယ်‌လေ ။ ရှောင်လျို့က ကားမောင်းတဲ့သူဖြစ်တာကြောင့် သူတို့သွားလိုရာကို ပို့ဆောင်ပြီးသည်နှင့် လွတ်လွတ်လပ်လပ် စားသောက်နိုင်သည် ။

ဒါပေမယ့် လူငယ်တွေရဲ့ မျက်လုံးထဲက အသနားခံမှုက သူ့ကို ငြင်းလို့ မရအောင်လုပ်နေသည် ။ သူ့လက်ထဲက ဖိုင်ကို ချလိုက်ပြီး ဓာတ်ဘူးတွေကို လှမ်းယူလိုက်သည်။ သူ့အပြုအမူက  ညင်သာနေသည် ။
" ကျေးဇူးပဲ ။ ဆံပင်ညှပ်လိုက်တာလား? "

သွမ့်ရှူးထုန် အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်တယ် " ‌ဆံပင်အတို ညှပ်လိုက်တာ R&D ဌာနအတွက် ပိုအဆင်ပြေသွားတာပေါ့ " သူ လက်ပြပြီး ပြောလိုက်သည် " လမ်းခရီး ဂရုစိုက်ပါ "

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora