Chapter 18 - ဒါရိုက်တာသွမ့်က နတ်ဘုရားများလား?

1.1K 221 2
                                    

Unicode

Chapter 18 – ဒါရိုက်တာသွမ့်က နတ်ဘုရားများလား?

သွမ့်ရှူးထုန် ဆေးရုံရောက်သည့်အခါ ချန်းနျဉ်က သူ့ကို ဆေးရုံဝင်ပေါက်မှာ စောင့်နေတယ်။

လျို့ကျစ်ဖေးက ဆေးသွင်းထားတဲ့ဖန်ပုလင်းကို စစ်ဆေးကြည့်နေသည်။သွမ့်ရှူးထုန်သည် အနှောင့်ယှက်ဖြစ်အောင် အထဲသို့သွားရန် ရည်ရွယ်ချက်မရှိပေ။အဲ့တာကြောင့် ချန်းနျဉ်နှင့်အတူ  ကော်ရစ်ဒါရှိ ထိုင်ခုံ၌သာ ထိုင်နေသည်။

အသံကိုနှိမ့်ပြောကာ သူမေးလိုက်သည် " သူ ဘာလို့ ရုတ်တရက်ကြီး နေမကောင်းဖြစ်သွားရတာလဲ? "

"ဆရာဝန်က သူအလုပ်အရမ်း လုပ်လို့ ဖြစ်တယ် ပြောတယ် "
လက်ထောက်ချန်က မှုန်ကုတ်ကုတ်မျက်နှာဖြင့် မျက်မှောင်ကြုံ့ရင်း သက်ပြင်းချသည်။

" သူ့ရဲ့ စားသောက်ပုံနဲ့ အိပ်ချိန်က မမှန်တော့ အခုလို ဖျားတော့တာပဲ "

သွမ့်ရှူးထုန် နှလုံးသားထဲမှနေ၍ လေးစားအားကျမှုကို ဖော်ပြလိုက်သည်။ ရှီသွမ့်က အရမ်းချမ်းသာသော်လည်း အလုပ်ကြိုးစားနေဆဲဖြစ်သည်။

"အလုပ်ကိစ္စတွေက အတော်လေး အလုပ်ရှုပ်နေလို့လား?"

ချန်းနျဉ် ခေါင်းငြိမ့်ပြလိုက်ပြီး "ပရောဂျက် အသစ်က မထင်ရလောက်အောင် ပြဿနာ တော်တော်တက််နေတယ် ဥက္ကဌရှီက အမြန်မွမ်းမံချင်တဲ့ လူမျိုးလေ"

သွမ့်ရှူးထုန် နားလည်လိုက်တယ်။

ရိုးရိုးသားသားပြောရလျှင် ရှီသွမ့် နှင့် သွမ့်ရှူးထုန်တို့ အချင်းချင်းမရင်းနှီးပေမယ့်လည်း၊ အိမ်နဲ့အဝေးမှာရောက်နေချိန် အချင်းချင်းဖေးမနေရမယ့်အတွက် သူ့နှလုံးသားထဲ အနည်းငယ်နီးစပ်ကြသည်ဟု ခံစားရသည်။

တကယ်လို့ ကျိုက်ကျွင့်သာ ဆေးရုံမှာ ရောက်နေမယ်ဆိုရင် သူ လူနာသတင်းလာမေးမှာ မဟုတ်ဘူး။

"မင်းရဲ့ ဥက္ကဌရှီ စားလို့မရသေးတဲ့ အစားအသောက်ဘာညာ ရှိလား?" သွမ့်ရှူးထုန် ပြုံးလိုက်သည်။ “မနက်ဖြန်က စနေနေ့ဆိုတော့ ဘာမှလုပ်စရာ အလုပ်သိပ်မရှိဘူး ။ စားရလွယ်တာလေး တစ်ခုခုချက်ပြီး ဒီကိုပို့လိုက်မယ်။"

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora