Chapter 22

822 158 2
                                    

Unicode

သွမ့်ရှူးထုန် : သိပ်မကြာသေးခင်က ကုမ္ပဏီကနေ ထုတ်ကုန်အသစ်တစ်မျိုးကို တီထွင်ခဲ့တယ်။ ပစ္စည်းကို အရင်နည်းလမ်းအတိုင်း ထုပ်ပိုးတာက အဆင်မပြေဘူးလို့ ခံစားရတယ်။ ခင်ဗျားက ဒီဇိုင်းဆွဲတတ်တယ်‌လေ။ အကယ်၍ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို ကူညီဖို့ တစ်ချက်လောက်စဉ်းစားပေးနိုင်မလား?

ဖေးရို့ဝေ : ဘယ်လိုထုတ်ကုန်ကို ထုပ်ပိုးမှာလဲ?

သွမ့်ရှူးထုန် နွေဦးနှင့် ဆောင်းဦးခန်းမတွင် အလုပ်လုပ်နေသည်ကို သူမ မသိ‌သေးပါ။ ရိုးရိုးသားသားပြောရလျှင် သူမသည် သွမ့်မိသားစုကုမ္ပဏီလုပ်ငန်းကို သေချာနားမလည်ခဲ့ပေ။ နွေဦးနှင့်ဆောင်းဦးခန်းမ၏တည်ရှိမှုအကြောင်းကိုလည်း လူအနည်းငယ်သာသိရှိကြသည်။

သွမ့်ရှူးထုန် : Skincare ထုတ်ကုန်။

ဖေးရို့ဝေ : ဒီဇိုင်းက ထုတ်ကုန်ရဲ့အကျိုးသက်ရောက်မှု‌တွေအပေါ် မှီခို‌ပြီး ရေးဆွဲရမှာ။

သွမ့်ရှူးထုန် : ကျွန်တော် ခင်များကို နမူနာနဲ့ စာစောင်တစ်ခု ပို့လိုက်မယ်။ ကျွန်တော့်ကို ကူညီပေးပါ။ ဒီက ဒီဇိုင်နာတွေက ကျွန်တော်လိုချင်တာကို မလုပ်နိုင်ကြဘူး။ ဒီလိုသာ ဆက်ပြီးနှောင့်နှေးနေ‌မယ်ဆိုရင် ထုတ်ကုန်အသစ်ထွက်ဖို့လည်း နှောင့်နှေးနေတော့မှာ။

ဒီစကားတွေအားလုံးဟာ အဓိပ္ပါယ်မရှိပေမယ့်လည်း အလုပ်ဖြစ်နေသရွေ့တော့ ဆက်ပြောလို့ အဆင်ပြေပါတယ်။

ဖေးရို့ဝေက တခြားသူများ၏ တောင်ဆိုချက်များကို ငြင်းဆန်ရာတွင် မတော်ပေ။ ယခု သူက အလွန်စိတ်ပျက်စရာကောင်းသည့် အခြေအနေတွေကို ပြောပြခဲ့သည်။ အဆင်သာပြေလျှင် သူမရဲ့ လက်ရှိလိပ်စာကိုတောင် ရနိုင်သေးသည်။

ခဏကြာပြီးနောက် ဖေးရို့ဝေ စာပြန်လာသည် : ပို့စရာမလိုပါဘူး။  ရုတ်တရက်ကြီး ခုလိုဖြစ်သွားတာကို ကူညီဖို့ ကျွန်မမှာ ဘာအကြံဉာဏ်မှ မရှိ‌သေးဘူး။ အရင်ဆုံး လိပ်စာအတိအကျ ပေးထားလိုက်ပါလား ကျွန်မ နောက်နေ့ကျရင် တချက်သွားကြည့်ပေးပါ့မယ်။

သွမ့်ရှူးထုန် သက်ပြင်းချလိုက်‌မိသည်။  ဒီနည်းလမ်းနဲ့လည်း အဆင်ပြေတာပဲ။ သူမ ခက်ခဲလွန်းကာ နောက်ပြန်လှည့်၍မရသည့် ဆုံးဖြတ်ချက်တွေချလိုက်မှာကို သူစိုးရိမ်နေခဲ့တာပင်။ ယခုအချိန်မှာ သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမည့်အရာတွေနှင့် ရင်းနှီးသူ‌တွေအားလုံးကို‌ရှောင်ဖယ်ကာ ခပ်ဝေးဝေးနေရန် လိုအပ်သည်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now