Chapter 6 - တတိယဇာတ်လိုက်နှင့် ကားအတူစီးခြင်း

1.4K 262 0
                                    

Unicode

“ ကျွန်တော် ငယ်ငယ်က အဖိုးက ဆေးပညာကို လေ့လာပြီး ဆေးထုတ်လုပ်ရေးမှာ အရည်အချင်းရှိတယ်လို့ ပြောခဲ့တာ ပါးလည်း သိပါတယ် ။  R&D ဌာနကိုသွားပြီး ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို တီထွင်နိုင်မလားဆိုတာ စမ်းကြည့်ချင်တယ် ။  တကယ်လို့ ကျွန်တော် မလုပ်နိုင်ခဲ့ရင် ပါးနောက်လိုက်ပြီး ကုမ္ပဏီကို စီမံခန့်ခွဲနည်းကို သင်ယူမယ် ”

သွမ့်ရှန်းယဲ့ သက်ပြင်းရှည်ချလိုက်ပြီး " ဒီလိုတွေဖြစ်လာမယ်ဆိုတာ အစောကြီးထဲက သိခဲ့ရင် မင်းနဲ့ မင်းအဖိုးကို နှစ်ယောက်ထဲ လွှတ်မထားဘူး "

အဖိုးက သူ့မြေးကို ဖျက်ဆီးပြီး ဆေးစာအုပ်တွေဖတ်တတ်အောင် သင်ပေးပြီး ဆေးပညာကိုလေ့လာချင်တဲ့ စိတ်ကူးကို ပျိုးထောင်‌ပေးခဲ့တယ် ။  အခုတော့ ကုမ္ပဏီကို စီမံခန့်ခွဲဖို့တောင် သူ့မှာဆန္ဒမရှိတော့ဘူး ။

အခြားမိသားစုသာဆိုလျှင် ပြင်းထန်တဲ့ အာဏာလွန်ဆွဲပွဲ ကြာရှည်စွာရှိနေ‌လောက်ပြီဖြစ်သည် ။  ဒါပေမယ့် သူတို့မိသားစုမှာတော့ ဒီအဖေအိုကြီးက သူ့သားကို နည်းနည်းလေး ကြိုးစားဖို့ တောင်းဆိုနေရတယ် ။

သူ့သမီးကိုလည်း လျစ်လျူမရှူထားပေမယ့်ပေါ့ ။

သူ့သမီးကြီးက သူ့ရဲ့မာနပဲ ။  သူ့မိသားစုပိုင်ဆိုင်မှုကို နှစ်ပိုင်းခွဲ‌ပေးချင်တယ် ။  သူ့သားငယ်ကို ကုမ္ပဏီကို စီမံခန့်ခွဲနည်းကို သင်ယူခိုင်းရတဲ့ အကြောင်းရင်းက သူ့ကိုယ်ပိုင်လုပ်ငန်းကို အနာဂတ်မှာ ကာကွယ်နိုင်ဖို့ပါပဲ ။

“ကဲ ငါတို့သား‌က သူ့အစီအစဉ်နဲ့သူ ရှိနေပြီမို့ မျက်စိစုံမှိတ်ပြီး ငြင်းခုံနေတာကို ရပ်လိုက်‌တော့ ”  သုန်ဟန်ယွဲ့က သူ့ကို တွန်းလိုက်ပြီး ထလိုက်တယ် ။ 
" ထမင်း စားကြရအောင် "

သွမ့်ရှန်းယဲ့ သူမှားသွားသလို ခံစားလိုက်ရတယ်။  သူက မျက်စိစုံမှိတ်ပြီး ငြင်းနေမိတာလား။  ဒါ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပဲ !  ဒါပေမယ့် သူ့သားရဲ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အသိဉာဏ်ရှိတဲ့ အသွင်အပြင်ကို တွေးမိတော့ သူ အရမ်းပျော်သွားတယ် ။  သူစိတ်အားထက်သန်စွာရှာဖွေပြီးတဲ့နောက် သူ့သားက ဒီတစ်ခါ အလွန်အရှက်ရသွားပြီး နောက်ဆုံးတော့ ရင့်ကျက်လာပြီပဲ ။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin