Chapter 5 - တတိယဇာတ်လိုက်နှင့် ကားအတူစီးခြင်း

1.4K 264 0
                                    

Unicode

အိပ်မက်ထဲတွင် မူလပိုင်ရှင်၏ ဆွေမျိုး သူငယ်ချင်းများနှင့် အတိတ်က အတွေ့အကြုံများကို ပြန်လည်ခံစားပြီးနောက် ၊ ထိုသူတို့က သူ့ဝိညာဉ်အပေါ်တွင် စွဲထင်သွားခဲ့သည် ။  ယခုအချိန်တွင် သူက သွမ့်ရှူးထုန် ဖြစ်လာပြီ ။  သူ့မိသားစု ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ ချစ်ခြင်းမေတ္တာနှင့် အကာအကွယ်ကို ခံစားနေချိန်တွင် သူတို့ကို ပြန်ကာကွယ်ရန် သူ့မှာလည်း တာဝန်ရှိတယ် ။

အသက်မွေးဝမ်းကြောင်း လမ်းကြောင်းလေး မယိမ်းယိုင်သွားဖို့လဲ လိုတာပေါ့ ။

သွမ့်ရှန်းယဲ့ အလုပ်မှ အိမ်ပြန်လာပြီး ဆိုဖာပေါ်တွင် ထိုင်ပြီး စီးပွားရေးသတင်းများကို ဖတ်နေသည် ။ သွမ့်ရှူးထုန် လှေကား‌ပေါ်မှဆင်းလာသည်ကို သူမြင်တဲ့အခါ ဟမ့်ခနဲ နှာမှုတ်ရုံကလွဲပြီး ဘာမှမပြောပေ ။

သုန်ဟန်ယွဲ့က သွမ့်ရှူးထုန်ရဲ့ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး စိုးရိမ်သည့် အကြည့်ဖြင့် သူ့ကိုကြည့်ကာ " ထုန်ထုန် ဒီတစ်ခါ အရက်‌သောက်ပြီး ကားမောင်းတာ မင်းအမှားဘဲ ။  မင်းအဖေက ဒေါသအရမ်းထွက်သွားတာ မင်းကို ရှန်ချွမ်းစီရင်စုကို သွားခိုင်းတုန်းက သူတကယ်ပို့ဖို့ မရည်ရွယ်ပါဘူး "

ဥက္ကဌသွမ့်က စိတ်ထဲနာကျင်သွားတာကြောင့် သူ့အမူအရာ ပြောင်းလဲသွားသည် ။ ထိုစကားကို သူလုံးဝလက်မခံပေ ။
“ သူ သွားကို သွားရမယ် !  ပြီးတော့ သူ နေ့တိုင်း ငွေမဆင်မခြင် သုံးလို့မရတော့အောင် အဲဒီ့ ခရက်ဒစ်ကတ်တွေကို သိမ်းထားမယ် ! ”

ဒီကိစ္စကြောင့်နဲ့ ဇနီးဖြစ်သူက သူ့ကို အခန်းခွဲအိပ်ခိုင်းမယ်ဆိုရင်တောင် ဒီမိုက်မဲတဲ့သားကို နည်းနည်းတော့ ဒုက္ခရောက်အောင် အပြစ်ပေးရမှာပဲ ။ ရှန်ချွမ်းစီရင်စုက အသုံးအဖြုန်း မြင့်မားတဲ့ ဒေသမဟုတ်ဘူး ။ သူ့အတွက် စားဝတ်နေရေးစရိတ်နည်းနည်းလောက် ပေးလိုက်ရုံနဲ့တင် လုံလောက်နိုင်ပြီး ပိုတဲ့ ပိုက်ဆံတွေကို စုထားလို့တောင်ရတယ် ။

အရက်မူးပြီး ကားမောင်းတဲ့ အဖြစ်အပျက်က အကြောင်းပြချက်တစ်ခုသာသာဘဲ ။  သွမ့်ရှန်းယဲ့က သူ့သားကို စိတ်ဆိုးချင်နေတာ ကြာပါပြီ ။ သူ့ရဲ့ သွမ့်မိသားစု ဖောင်ဒေးရှင်းကို နောင်တွင် သူ့သားသမီးများထံ လွှဲပြောင်းပေးမည်ဖြစ်သည် ။ သူအသက်ကြီးလာလို့ သေသွားရင်တောင် ‌စိတ်ဖြောင့်ဖြောင့်သေရမှာမဟုတ်ဘူး

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora