Chapter 3 - တတိယဇာတ်လိုက် မင်းကိုအခွင့်အရေးတစ်ခုပေးမယ်

1.8K 284 4
                                        

Unicode

တတိယဇာတ်လိုက်၏ လက်ထောက် ချန်းနျဉ် ထံမှ ဖုန်းခေါ်ဆိုခြင်းဖြစ်သည် ။

" လက်ထောက် ချန်း "  သွမ့်ရှူးထုန် ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည် ။

သွမ့်ရှူးထုန်၏ မကျေမနပ်အော်သံကို ကြားရမည်ဟု ထင်ခဲ့သော ချန်းနျဉ်သည် စိတ်ရှုပ်ထွေးသွားသည် ။

သွမ့်ရှူးထုန်က နယ်မြေခြားကို ထွက်သွားရတော့မယ် ။ သူ စိတ်မတိုဘူးလား ?

ချန်းနျဉ်က မုန်တိုင်းများစွာ အားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသူ  ဖြစ်သောကြောင့် ပြုံးပြီး ပြောလိုက်တယ် ။
“အခု‌ပဲ ဥက္ကဌရှီက ဥက္ကဌသွမ့်ဆီက ဖုန်း‌ခေါ်ဆိုမှု လက်ခံရရှိခဲ့ပါတယ် ။ သူက မနက်ဖြန် သခင်လေးသွမ့်က ငါတို့နဲ့ အတူလိုက်စီးမယ်လို့ ပြောခဲ့ပါတယ် ။  အခုအချိန် ဥက္ကဌရှီက အစည်းအဝေးတက်နေပြီး ကိုယ်တိုင်ကိုယ်ကျ ဖုန်းမဆက်နိုင်တဲ့အတွက် မနက်ဖြန် ဘယ်တော့ထွက်မှာလဲလို့ မေးခိုင်းလိုက်ပါတယ် ။ ကျွန်တော်တို့ မင်းကို လာခေါ်ဖို့ ဘယ်ကို လာရမလဲ "

သူ့အသက်ဆယ့်ရှစ်နှစ် ပြည့်ထဲက သွမ့်ရှူးထုန်က သွမ့်မိသားစုအိမ်ကြီးမှထွက်ကာ သူ့အိမ်*တွင်နေထိုင်သော်လည်း သူ့အမည်အောက်တွင် အိမ်များစွာရှိသည် ။ ဒီနေ့ သူဒီမှာနေမယ် ။  မနက်ဖြန် သူဟိုမှာနေမယ် ။  ဒီည ဘယ်​အိမ်​မှာ သွားနေရမလဲ သူတကယ် မသိဘူး ။

[*T/N- တရုတ်စကားလုံးက နည်းနည်းတော့ ရှင်းတယ်။  တိုက်ခန်း ဒါမှမဟုတ် ကွန်ဒိုလို့လည်း ဆိုနိုင်တယ် ။ ]

ချန်းန်ျက ချိုသာတဲ့ စကားများကို ပြောသော်လည်း သွမ့်ရှူးထုန် အမှန်တရားကို သိသည်။  ရှီသွမ့်* သည် သွမ့်ရှူးထုန်နှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ရန် စိတ်မ၀င်စားပါ ။  အဆိုပါအသေးစိတ်အချက်အလက်များကို မေးမြန်းရန်အတွက် ချန်းနျဉ်ကသာ အကြံဥာဏ်ကိုတီထွင်သူဖြစ်ရန် အခွင့်အလမ်းကိုးဆယ်ရာခိုင်နှုန်းရှိသည် ။  ဒီလိုအသေးအဖွဲကိစ္စတွေကို ရှီ းသွမ့်က ဘယ်လိုလုပ်ဂရုစိုက်နိုင်မှာလဲ "

[*T/N- သူ့အမည်က သွမ့်ရှူးထုန် မျိုးရိုးအမည်နှင့် တူနေနိုင်သော်လည်း ဇာတ်ကောင် ၊ လေသံနှင့် အဓိပ္ပာယ်မှာ ကွဲပြားသည်။]

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora