Chapter 16 - ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်ရေး

1K 204 0
                                    

Unicode

Chapter 16 – ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်ရေး

"ဟားဟား၊ မင်းပြောတာကို ငါနားလည်ပါတယ်။ ငါသူမကို ပထမဆုံးအကြိမ်စတွေ့တုန်းကဆိုရင် စားထားတဲ့ညစာတွေ ပြန်အန်ထွက်လုနီးပါးပဲ။ သခင်လေးသွမ့် သူမအနားရှိနေတဲ့အချိန်တွေဆို ဘယ်လိုသည်းခံလဲမသိဘူး။ ကြည့်ရတာတော့ သူ့မှာ ထူးခြားတဲ့အရသာခံနိုင်စွမ်းရှိပုံပဲ။ အာ.. တကယ်ရွံစရာကြီးပါကွာ။"

“အေး၊ HR က သူမကို ဘာလို့ အလုပ်ခန့်လိုက်လဲဆိုတာကို ငါတကယ်နားမလည်နိုင်ဘူး။ ကုမ္ပဏီအတွက် အစားလျှော့စားပြီး အစားအ‌သောက်ချွေတာနိုင်ဖိုများလား? ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အလုပ်လုပ်နေတာ အသားအရေထိန်းသိမ်းတဲ့ ကုမ္ပဏီလေ။ ဒီကုမ္ပဏီရဲ့ပုံရိပ်ကို သူမဖျက်ဆီးပစ်မှာကို မကြောက်ကြဘူးလား?"

“အဲဒီလို မပြောစမ်းပါနဲ့ကွာ။ သူမက သင့်တော်တဲ့ ဘွဲ့ကြိုကျောင်းသူ ဖြစ်နေတုန်းပဲေလ။အစီရင်ခံချက်အရဆို သူမကမြင့်မားတဲ့ပညာရေးနောက်ခံရှိပြီး အဆင့်မြင့်လွန်းတဲ့ဘွဲ့ကြိုသင်တန်းကတဲ့။"

"ပညာတတ်ပြီး ဘာများအသုံးဝင်လို့တုန်းကွ။ အကယ်၍ သူမနေရာမှာငါဆိုရင် လူတွေနဲ့တွေ့ဖို့ အိမ်ထဲကအိမ်ပြင်တောင်ထွက်ရဲမှာ မဟုတ်ဘူး။"

"......."

ကျိုးလင် မှန်ရှေ့ရပ်နေရင်း အေးခဲသွားသည်။ ထိုလူတွေရဲ့ အတင်းအဖျင်းစကားတွေက သူမနားထဲ တိုးဝင်လာတယ်။ သူမရဲ့ မျက်လုံးတွေ နီရဲလာသည်။

သွမ့်ရှူးထုန်ရဲ့ နှစ်သိမ့်မှုတွေနဲ့ တစ်လခွဲလောက် နေရတာက  သူမရဲ့အရင်က အရှက်တရားတွေကို မေ့ပျောက်မသွား‌စေပါဘူး၊ ရုတ်တရက်ဆိုသလို သူမရဲ့ မျက်ရည်တွေ စီးကျလာတယ်။

ဒါပေမယ့် သူမဘာအသံမှမထွက်ရဲဘူး။

ဘေးချင်းကပ်အမျိုးသားသန့်စင်ခန်းထဲမှာရှိတဲ့ လူတွေက ကျိုးလင် သူတို့နဲ့ မီတာအနည်းငယ်အကွာအဝေးမှာ ရှိနေမှန်း မသိကြဘူး။ အကယ်၍ သူတို့သိနေရင်တောင် ဂရုမစိုက်ပဲ သူမကို ဆက်ပြီးကဲ့ရဲ့ရှုံ့ချမှာမှာပင်။

သန့်စင်ခန်းတစ်ခန်းရဲ့တံခါး ပွင့်လာတဲ့အချိန်အထိ သူတို့တွေဆေးလိပ်သောက်ရင်း စကားဆက်ပြောနေခဲ့တယ်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Dove le storie prendono vita. Scoprilo ora