Chapter 17 - ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်ရေး

1.1K 220 3
                                    

Unicode

Chapter 17 – ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်ရေး

သုတေသနကို ည ခုနစ်နာရီအထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးအခိုက်အတန့်တွင် အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် ပြီးမြောက်အောင်မြင်မှုနှင့် စိတ်ကျေနပ်သည့် ခံစားချက်ကို ပြန်လည်ခံစားလိုက်ရသည်။

ဒီသုတေသနက သူ့အတွက် အခြေခံအကျဆုံး လုပ်ဆောင်ချက်သာဖြစ်ပေမယ့်၊ ဒါဟာ ဒီကမ္ဘာတွင် သူ့ရဲ့ ပထမဆုံးအောင်မြင်မှုမှတ်တမ်းဖြစ်သည့်အတွက် သူအလွန်ပျော်ရွှင်မိသည်။

သူ အခုချက်ချင်းကို တခြားသူတွေနဲ့ မျှဝေချင်ခဲ့တယ်။

"အောင်မြင်သွားတာလား?" သတိကြီးကြီးထားပြီး မယုံကြည်နိုင်တဲ့ အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာသည်။

သွမ့်ရှူးထုန် သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ချက်ခြင်း ရုတ်သိမ်းလိုက်ပြီး ကျိုးလင်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးများကတော့ အပြုံးအရိပ်အယောင်ကို သယ်ဆောင်ထားသည်။ "အင်း အောင်မြင်သွားပြီ ငါတို့ လုပ်နိုင်ခဲ့ပြီ။"

သူအရင်ဘဝမှာထဲက ဒီပရောဂျက်ကို အောင်မြင်စွာ‌လုပ်ဆောင်ခဲ့ပြီးသား။ အခုချိန်မှာ ဒါက ကူးယူခြင်းလုပ်ငန်းစဉ်သာဖြစ်တယ်၊ ဒါ့ကြောင့် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်းက သဘာဝကျစွာ အလွန်လျင်မြန်ပြီး ထိရောက်မှုကိုလည်း စစ်ဆေးကာအတည်ပြုပြီးဖြစ်သည်။

“ကျွန်‌တော် စမ်းသပ်ချက်အစီရင်ခံစာကို ခွဲထုတ်ရဦးမယ်။ မင်းအရင်ပြန်နှင့်လိုက်ပါ။"

သွမ့်ရှူးထုန်အနေနဲ့ မိန်းကလေးတစ်ယောက်ကို အချိန်ပိုဆင်းခိုင်းပြီး ညနက်ထိမနေခိုင်းရက်ပါ။

ကျိုးလင်က မျှော်လင့်ချက်တွေဖြင့် ပြည့်နှက်နေသည့် မျက်နှာဖြင့် သူ့ကိုမေးလာသည် "ကျွန်မကူညီနိုင်တာ တစ်ခုခုများရှိလား?"

ဒါက သူမ ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးလေ့လာမှုဖြစ်တာကြောင့် သူမလုံးဝကို အလုပ်မဆင်းချင်သေးဘူး။

သွမ့်ရှူးထုန် ပြုံးလိုက်တယ်။ "ရှိတာပေါ့။"

နှစ်ယောက်သား ညကိုးနာရီအထိ အလုပ်ရှုပ်နေခဲ့တာတောင် စိတ်အားထက်သန်နေကြဆဲပင်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now