Chapter 23

2K 222 14
                                        

Unicode

"သူတို့ လုံးဝ ဝင်လာခွင့်မရှိဘူး!" လီရှောင်း သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ရပ်ကွက်လုံခြုံရေးကို သက်သတ်လွတ်စားသူတွေလို့များ သူထင်နေတာလား?

သွမ့်ရှူးထုန် ပြုံးလိုက်ပြီး "မိန်းကလေးလင်းမန်မန်ဆိုရင်ရော ဘယ်လိုလဲ?"

လီရှောင်းရဲ့ ဒေါသမီးတောက်ဟာ ရေနဲ့ပတ်ခံလိုက်ရသလို ချက်ချင်းငြိမ်းကျသွားသည်။

လင်းမန်မန်သည် သူနှင့် စေ့စပ်ထားသူဖြစ်သည်။ အကယ်၍ စေ့စပ်ထားသူက သူ့အိမ်ထဲ မဝင်နိုင်ခဲ့ပါက၊ နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ လူရှုံ့ချစရာ ပြက်လုံးတစ်ခု ဖြစ်လာလိမ့်မည်။

“လင်းမန်မန်က မင်းနဲ့ စေ့စပ်ထားတဲ့သူ၊ သူမ မင်းကို အိမ်အထိလာရှာဖို့ အခွင့်အရေး ရှိပေမယ့် မင်းက သူမနဲ့ မတွေ့ချင်ဘူး။ အခု မင်းနဲ့ မိန်းကလေးဖေးတို့က လမ်းခွဲ့ပြီးနေပြီ၊ ဒါပေမယ့် မင်းကသူမရဲ့အိမ်ရှေ့ဝင်ပေါက်မှာ တိုက်ရိုက်ပိတ်ရပ်ထားတယ်၊ မင်းမှာ အပြစ်ရှိလား မရှိဘူးလား"

ဒါဟာ အမှန်တကယ်ကို တစ်ကိုယ်ကောင်းဆန်သည့်လုပ်ရပ်ပင်။

"သူမက ငါ့အပိုင်ပဲ! ငါကဘာလို့ သူမကိုပြန်မခေါ်နိုင်ရမှာလဲ"  လီရှောင်းက ဇွဲမလျှော့ပဲ လေးနက်စွာပြန်ပြောလာသည်။

သွမ့်ရှူးထုန် ခေါင်းညိတ်ပြီး ‌လီရှောင်းရဲ့ အရှေ့မှာတင် လင်းမန်မန်ရဲ့ ဖုန်းနံပါတ်ကို အမြန်ခေါ်လိုက်သည်။ "မိန်းကလေးလင်း၊ လီရှောင်း ဒဏ်ရာရထားလို့ လင်းနန်ပြည်နယ်ကို တစ်ချက်လာပေးလို့ရမလား?"

လီရှောင်း သူ့လက်ကိုဆွဲပြီး ဖုန်းကို ယူဖို့လုပ်လိုက်သည်။ "သူမကို ဘာလို့ ဒီကိုလာဖို့ ပြောနေတာလဲ?! ငါဘာဒဏ်ရာမှ မရထားဘူး!"

သွမ့်ရှူးထုန်က သူ့လက်ကို ရှောင်လိုက်ပြီး စကားမပြောရသေးခင် ဖုန်းထဲကနေ လင်းမန်မန်ရဲ့ အသံထွက်လာတယ် " ရှင်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပါ၊ ရှင့်မှာ ဒဏ်ရာရထားရင် ‌ကျွန်မသေချာပေါက် ကို အရောက်လာရမှာ။ ဘယ်နားထိထားတာလဲ? ဒဏ်ရာက ပြင်းလား?"

You've reached the end of published parts.

⏰ Last updated: Jul 13, 2023 ⏰

Add this story to your Library to get notified about new parts!

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now