Chapter 4 - တတိယဇာတ်လိုက်နှင့် ကားအတူစီးခြင်း

1.5K 273 4
                                    

Unicode

ဆေးဖိုး ပေးချေပြီးနောက် သွမ့်ရှူးထုန် ဆေးရုံမှ ပြန်လာခဲ့သည်။

တက္ကစီဖြင့် သွမ့်စံအိမ်သို့ ပြန်ရောက်သောအချိန် အိမ်ဖော်များမှလွဲ၍ အခြားမည်သူမျှ ရှိမနေခဲ့ဘူး ။

သူ့အဖေက ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲ ။ သူ့အမေမှာလည်း ကိုယ်ပိုင်လုပ်ငန်းရှိတယ် ။ သူ့အစ်မကတော့ အရေးကြီးတဲ့ ပရောဂျက်တစ်ခု စီစဉ်နေပြီး အိမ်ပြန်ဖို့မအားလောက်အောင် အရမ်းအလုပ်များနေတယ် ။

သွမ်းရှူးထုန်မှာ သူ့ထက် ပိုထူးချွန်တဲ့ အစ်မတစ်ယောက်ရှိတယ် ။ မူလပိုင်ရှင်က သူ့ကို တန်ဖိုးမထားကြဘူးလို့ အမြဲခံစားခဲ့ရတယ် ။ သူနှလုံးသားထဲက စိတ်ထိခိုက်မှုနှင့် သိမ်ငယ်မှုက ပိုကြီးမားလာလေ သူ့ရုပ်ရည်က မာနကြီးပြီး မောက်မာပုံပေါ်လာလေပဲ ။

ထို့ကြောင့် ဇာတ်လိုက်မ သူ့ကို ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်တာ ခံရတာတိုင်း သူက သူမအတွက် အရေးပါတဲ့လူတစ်ယောက်လို့ ခံစားရပြီး ထိုအခါတွေမှာသာ သူ့တည်ရှိမှုရဲ့ တန်ဖိုးကို သူရှာတွေ့နိုင်တယ် ။

သွမ့်ရှူးထုန် ခေါင်းယမ်းလိုက်တယ် မူလပိုင်ရှင်နှင့် သက်ဆိုင်သော ခံစားချက်များကို ခါထုတ်လိုက်သည်။

ဒီကိုမကူးပြောင်းခင် သွမ့်ရှူးထုန်က မူလပိုင်ရှင်မှာရှိတဲ့ ဒီမိသားစုမျိုးကို အလွန်မနာလိုဖြစ်ခဲ့ဖူးသည်။ သူက မိဘမဲ့ဖြစ်ပြီး မိသားစုလည်း မရှိခဲ့ဘူး ။

မူလပိုင်ရှင်ရဲ့ မိသားစုနှင့် အတူနေထိုင်ဖို့ ကျင့်သားမရနိုင်ဘူး ။ သူ့ကိုယ်သူ ဖော်ထုတ်မိသွားမှာကို သူကြောက်တယ် ။ ဒါက လင်းနန်ပြည်နယ် ရှန်ချွမ်းစီရင်စုကို သွားဖို့ သဘောတူလိုက်ရတဲ့ အကြောင်းအရင်းတစ်ခုပင် ။

မူလပိုင်ရှင်ရဲ့ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်ရန် ဝေးကွာသော နေရာတွင် နေထိုင်ခြင်းက ပို၍ သက်တောင့်သက်သာရှိမည်ဖြစ်သည် ။

နောက်တချက်ကတော့ သွမ့်မိသားစုရဲ့ ကံကြမ္မာက ဆေးဝါးနဲ့ စတင်ခဲ့တာ ။ ရှန်ချွမ်းစီရင်စုက သွမ့်မိသားစု၏ မွေးရပ်မြေဖြစ်သည် ။ ဒါကြောင့် သွမ့်ရှူးထုန်က အဲ့ကို အရမ်းသွားချင်နေတာ ။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin