Unicode
ရှီသွမ့် သူ့လက်ထဲက စာရွက်စာတမ်းတွေကို ငုံ့ကြည့်နေဆဲဖြစ်သော်လည်း သွမ့်ရှူးထုန် ဖုန်းဖြေတဲ့အချိန်ထဲက တခြားစာမျက်နှာကို လုံးဝမလှန်ရသေးပေ ။
ဖုန်းရဲ့ တခြားတစ်ဖက်ရှိ ခေါ်ဆိုသူ လီရှောင်း : ..........
သွမ့်ရှူးထုန် ဝတ္ထုကိုဖတ်ခဲ့တဲ့အချိန်က ဝမ်းနည်းသလို ခံစားခဲ့ရသည် ။ ယခု နောက်ဆုံးတွင် သူအခွင့်အရေးရသွားသောကြောင့် ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်ပြီး အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည် ။
" မနေ့က ဖေးရို့ဝေ ဆေးရုံတက်လိုက်ရတယ် အဲ့အကြောင်းကို အခု ငါမပြောခင်အထိ မင်းမသိခဲ့ဘူး ။ သူမ လီမိသားစု*မှာ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး လုပ်ခဲ့တဲ့ ဒီဇိုင်းတစ်ခုက သောက်ကျင့်မကောင်းတဲ့ မအေဘေးတချို့ကြောင့် ပျက်စီးသွားတယ် ။ ရလဒ်အနေနဲ့ ကြီးကြပ်ရေးမှူး ဆူပူကြိမ်းမောင်းတာခံရပြီး သူမရဲ့ လစာတွေ နုတ်ယူခံလိုက်ရတယ် ဒီအကြောင်းလည်း မင်းမသိဘူး ။ "[*T/N: 厉氏 li shi – 厉 li က လီရှောင်း ( ဇာတ်လိုက် ) နှင့် တူညီတဲ့ မျိုးရိုးနာမည်ဖြစ်ပြီး 氏 shi က “ မျိုးနွယ်စုနာမည် ” ဖြစ်နိုင်တာကြောင့် လီမိသားစုရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တာလို့တော့ ထင်တာပဲ ။ ]
လီရှောင်း : " ..... "
" မင်း ဘာကိုမှမသိဘူး ဒါတောင် ဖေးရို့ဝေက မင်းကို WeChat မှာ ဘာလို့ ထူးဆန်းတဲ့ စာတွေပို့တာလဲလို့ ငါ့ကို လာမေးရဲသေးတယ်ပေါ့ ? "
လီရှောင်း : " ...... "
" မင်းက တကယ်ကို အရှုံးသမားပဲ "
ဖုန်းရဲ့ တခြားတစ်ဖက်တွင် တိတ်ဆိတ်နေသည် ။ တစ်စုံတစ်ယောက်ရဲ့ လေးလံသည့် အသက်ရှုသံများကိုသာ ကြားနေရသည် ။
သွမ့်ရှူးထုန်း ထိုလူနှင့် အရေးမပါတဲ့ စကားတွေ ဆက်ပြောရန် ပျင်းလွန်းသဖြင့် ဖုန်းခေါ်ဆိုမှုကို ပြတ်ပြတ်သားသား အဆုံးသတ်လိုက်သည် ။
ဘယ်လိုတောင် နက်နဲတဲ့ ဝမ်းနည်းဖွယ်ခံစားချက်တွေလဲ ? ဘာကို သဘောထားကွဲလွဲခြင်း သံသရာလဲ ? အားလုံးကို ရိုက်ချပစ် ! ဇာတ်လိုက်က လူ*မဖြစ်ချင်တော့ရင် ယဉ်ကျေးသိမ်မွေ့နေဖို့လည်း မလိုအပ်ဘူး ။
![](https://img.wattpad.com/cover/317935532-288-k311432.jpg)
BINABASA MO ANG
ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]
RomanceTitle : 男二和男三HE了! Male Lead 2 and Male Lead 3 Happy Ending! Author(s) : Feng Jiu 封玖 Status in COO : Complete (64 Chapters + 9 Extras) Original Publisher : jjwxc Tags[ ] : Calm Protagonist Clever Protagonist Cohabitat...