Chapter 19

1.2K 231 2
                                    

Unicode

Chapter 19

ရှီသွမ့် အေးခဲသွားသည်။

သူ ရှီမိသားစုကို တာဝန်ယူလိုက်သည့်နောက်ပိုင်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြတော့သလို ဘယ်သူကမှ ဤလေသံနဲ့ သူ့ကို မဆူပူတော့ပေ။ တခြားသူတွေရဲ့အမြင်မှာတော့ သူက ဘယ်တော့မှ မပင်ပန်းနိုင်တဲ့ စက်ရုပ်တစ်ရုပ်လိုပဲ။

သူ့ရှေ့က လူငယ်လေးရဲ့ မျက်နှာမှာ အနည်းငယ် စိမ်းနေပေမယ့် “ဒီလူအိုကြီးရဲ့ စကားကိုနားမထောင်ရင် အနာဂတ်မှာ ဒုက္ခရောက်လိမ့်မယ်” ဟူသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထိုအရာက အရမ်းကို ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူ သဘောမကျတာမျိုး ဖြစ်မနေခဲ့ပေ။

ကလေးတစ်ယောက်က လူကြီးတစ်ယောက်လိုတမင် ဟန်ဆောင်ထားတဲ့ ပုံစံမျိုး ဖြစ်မနေခဲ့ပဲ ရိုးသားပြီး စစ်မှန်တဲ့ ဂရုစိုက်ခြင်းမျိုးသာ ဖြစ်သည်။

အကုန်လုံး ပြောပြီးသောအခါ ရှီသွမ့်က တကယ်တမ်း  အေးစက်ပြီး တသီးတသန့်ဆန်တဲ့ လူတစ်ယောက် မဟုတ်နေပါ။သူရဲ့ အရင်ပုံစံမှာ ရှီမိသားစု၏ လုပ်ငန်းတွေကို ဦးဆောင်သူတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူ ပြောဆိုလို့မရတဲ့သူတစ်ယောက်အဖြစ် မျက်နှာဖုံး တပ်ထားခြင်းသာ ဖြစ်သည်။သူ အမှန်တကယ်ကို သူငယ်ချင်းဖြစ်ချင်တဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့လာခဲ့ရင်တော့ သူ့ရဲ့ မျက်နှာဖုံးဟာ အလိုအလျောက် ကွာကျလာတော့သည်။

သူ့မှာ ထိုးထွင်းသိတဲ့အမြင်ရှိတာကို သူ ယုံကြည်ပြီး အခုလက်ရှိ ရှီသွမ့်က  သူ မိတ်ဆွေဖွဲ့လို့ ရနိုင်တဲ့ သူတစ်ယောက် ဖြစ်သည်။

" မင်း မှန်တယ် "

သူ သဘောတူကြောင်း ပြဖို့ ရှီသွမ့် ခေါင်းညိတ်လိုက်ပြီးနောက် တစ်ခြား ခေါင်းစဉ်တစ်ခု ပြောင်းလိုက်သည်။

"မင်းရဲ့ သုတေသန နဲ့ တိုးတက်လာမှုကရော ဘယ်လို အခြေအနေရှိလဲ "

ထိုအကြောင်းအရာကို ပြောသည့်အခါ သွမ့်ရှူးထုန် ပြုံးလိုက်သည်။

"ကျွန်တော် စစ်ဆေးမှုအတွက် အဆိုပြုချက်ကို တင်သွင်းထားပြီးပြီ ၊သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို  ကျော်ဖြတ်ပြီးတဲ့အခါကျရင် အဲ့တာကို ဈေးကွက်ထဲ တင်ရောင်းလို့ရပြီ ၊အဲ့ခါကျ ကျွန်တော် ခင်ဗျားကို အရမ်းကောင်းတဲ့ ထမင်းတစ်နပ် လိုက်ကျွေးမယ် "

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now