Chapter 14 - ဝန်ထမ်းဘဝ စတင်

1.4K 270 5
                                    

Unicode

သွမ့်ရှူးထုန် တံခါးထဖွင့်လိုက်သည်။

ချန်းနျဉ်က ဓာတ်ဘူးကို ပြန်ပေးရင်း : " ဒီနေ့ ကုမ္ပဏီမှာ ဟယ့်ရွင်နဲ့ တွေ့ခဲ့လား? "

သွမ့်ရှူးထုန် ခဏလောက် အံ့ဩသွားတယ်။ " ဒါရိုက်တာဟယ့်ကို ပြောတာလား ? မင်းသူနဲ့သိတာလား? "

“ဟာဟား” ချန်းနျဉ် ခေါင်းညိတ်လိုက်သည်။

“ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။ စီနီယာဟယ့် နဲ့ကျွန်တော်က ကျောင်းနေဖက်တွေ‌လေ။ သူက ကျွန်တော့်ထက် နှစ်နှစ်လောက် ကြီးတယ်။ ကျွန်တော်တို့ ကလပ်တစ်ခုမှာ အတူတူကစားခဲ့ကြတာ နောက်ပိုင်း ဘွဲ့ရပြီးတာတောင် မကြာခဏ ဆက်သွယ်ဖြစ်ကြသေးတယ်။ အခုထိ အဆက်အသွယ် မပြတ်သေးဘူးဆိုပါ‌တော့ဗျာ ”

သွမ့်ရှူးထုန် ဓာတ်ဘူးတွေကို စားပွဲပေါ်တင်လိုက်သည်။ "ဒါရိုက်တာဟယ့်ရဲ့ အရည်အချင်း‌တွေက တော်တော်ကောင်းပါတယ်။"

သူဒီလိုပြောတာကိုမြင်တော့မှ ချန်းနျဉ် စိတ်ထဲမှာ သက်ပြင်းချနိုင်တော့တယ်။ ဒါက သူ့အလုပ်မှာ ပထမဆုံးနေ့ပဲရှိသေးတယ်၊ တစ်ဖက်လူက အလုပ်မှာ ဘယ်လောက်‌ကောင်းအောင် လုပ်နိုင်လဲဆိုတာ သူဘယ်လိုသိနိုင်မှာလဲ။ သခင်လေးသွမ့် ဒီလိုပြောတဲ့ အဓိပ္ပာယ်က သူတို့နှစ်ယောက်သား မရင်းနှီးသေးဘူးဆိုတဲ့ သဘောပဲ။

စီနီယာဟယ့်ရဲ့ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာမကြိုက်တဲ့အကျင့်က ခုထိ လုံးဝ မပြောင်းလဲသေးပုံပဲ။

အကယ်၍ သူသာ ခေါင်းမမာခဲ့ရင် သူ့ရဲ့လုပ်နိုင်စွမ်းတွေနဲ့ ယန်မြို့တော်ကနေ ထွက်သွားစရာမလိုအပ်သလို အရာအားလုံးဆုံးရှူံးပြီး စီရင်စုမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘဲ အဆုံးသတ်သွားစရာ အကြောင်းကိုမရှိဘူး။

သခင်လေးသွမ့်က ဥက္ကဌမဟုတ်သေးပေမယ့် ကျိုက်ကျွင့်ထက် ပိုပြီးအရေးပါတယ်။ 

“ ပွင့်ပွင့်လင်းလင်း‌ပြောရရင် အဲ့အချိန်တုန်းက စီနီယာဟယ့်က အတန်းထဲမှာ အတော်ဆုံးပဲလေ ဌာနက ဆရာတွေ ပါမောက္ခ‌တွေ အားလုံးက သူ့ကို ချစ်ကြတယ် " ချန်းနျဉ်က ပေါ့ပေါ့ပါးပါးစကားပြောတဲ့လေသံနဲ့ ဟယ့်ရွင်ကို မသိမသာ ချီးကျူးလိုက်တယ်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin