Chapter 13 - ဝန်ထမ်းဘဝ စတင်

1.3K 242 0
                                        

Unicode

သွမ့်ရှူးထုန် အရင်ဘဝမှာတုန်းက skin care တွေ သူကိုယ်တိုင်တီထွင်ခဲ့ဖူးတာကြောင့် သူ့ရဲ့စိတ်ထဲမှာ ဖော်မြူလာများစွာရှိပြီးသားပင်။ တစ်ချိန်တုန်းက သူသည် တန်ဖိုးမြင့်ကုန်အမှတ်တံဆိပ်များစွာကို ဖိအားပေးခဲ့ပြီး Skin care ထုတ်ကုန်နယ်ပယ်တွင် မြင်းနက်တစ်ကောင်ဖြစ်လာခဲ့သည်။

ဒါ​ပေမယ့်​ အဲ့ထုတ်ကုန်တွေက ဒီအတိုင်း သူပျင်း​နေတဲ့အချိန်​မှာ ထလုပ်​လိုက်​တာ​လေးတွေ။ သူက skin care ထုတ်ကုန်နယ်ပယ်မှာ အထူးတလည်ကျွမ်းကျင်‌မနေဘူး။

Skin care ထုတ်ကုန်တွေကို နွေဦးနှင့်ဆောင်းဦးခန်းက အာရုံစိုက်ထားမှတော့ သူလည်း နွေဦးနှင့်ဆောင်းဦးခန်းမရဲ့ လက်ရှိအကြွေးအခြေနေကို ပြောင်းလဲနိုင်မယ့် skin care ပစ္စည်း‌တွေကို စတင်လုပ်ရမယ်။ နောက်ပြီး ရှေ့ဆက်လုပ်မယ့် ပရောဂျက်တွေအတွက်ကိုက်ညီမယ့် ရန်ပုံငွေရအောင် သင့်တော်တဲ့အခြေအနေ ဝင်တဲ့ထိ ကြိုးစားရမယ်။

သွမ့်ရှူးထုန်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် သွမ့်မိသားစုထံမှ ရန်ပုံငွေရှာရန် ဘယ်သောအခါမှ မတွေးဖူး‌ပေ။

သူ ဓာတ်ခွဲခန်းထဲမှာ တစ်နေကုန်နေခဲ့ပြီး ကျိုးလင်က နေ့လည်စာစားဖို့ သူ့ကို လာတောင် ခေါ်ရသည်။ ကျိုးလင်က သူ့ရဲ့ လက်ရှိလက်ထောက်ဖြစ်သည်။

ညနေငါးနာရီ အလုပ်ဆင်းချိန်‌ရောက်တဲ့အခါ chat group ထဲက လူအားလုံး ကျိုးလင်ထံ စာပို့ကြသည်။

[ဒါရိုက်တာသွမ့်က ဘယ်လိုလူမျိုးလဲ? ဒီနေ့ သူဘာ‌တွေလုပ်လဲ? သူတကယ် ထုတ်ကုန်တွေအတွက် သုတေသနလုပ်နေခဲ့တာလား ဒါမှမဟုတ်ရင် ဒီတိုင်း အိပ်နေခဲ့တာလား။? ]

[ သူ တစ်ယောက်ယောက်ကို ဆူပူခဲ့‌သေးလား? သခင်လေးသွမ့်က ဒေါသကြီးတယ်လို့ ငါကြားဖူးတယ် ]

[ဒီသခင်လေးက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းတယ် ။ ကံကောင်းစွာနဲ့ သူငါ့ကို မရွေးချယ်ခဲ့ဘူး ]

ကျိုးလင် : "...."

group chat ကို သူမ မတုံ့ပြန်‌တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာသွမ့်က တော်တော်ကောင်းတဲ့လူလို့ သူမထင်တယ်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ