Chapter 15 - ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်ရေး

1.1K 203 0
                                    

Unicode

R&D ဌာနရဲ့ data room ထဲတွင် သွမ့်ရှူးထုန်နှင့် ဟယ့်ရွင်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အဆိုပြုချက်များကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း ဟယ့်ရွင်ရဲ့ပုံစံက ပိုပြီး တည်ကြည်လေးနက်လာတယ်။ သွမ့်ရှူးထုန်ကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း ပရောဂျက်ရဲ့ အကြောင်းအရာများကို စေ့စပ်စွာ ကြည့်နေခဲ့တယ်။

အဆုံးတွင် နောက်ဆုံးစာမျက်နှာကို လှန်ကာ ချီတုံချတုံနှင့် ပြောလိုက်သည် : “ဒီထုတ်ကုန်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားပြဿနာ‌တွေကိုတောင် လျော့စေတယ်လို့ အစီရင်ခံစာထဲ ရေးထားတာပဲ။ ကျွန်တော် စီးပွားရေးလုပ်လာတာ ဆယ်နှစ်ရှိပြီ။ ကျွန်တော့်အမြင်အရတော့ ဒါလုံးဝကို မဖြစ်နိုင်ဘူး”

ဟယ့်ရွင်အမြင်တွင် သွမ့်ရှူးထုန်ရဲ့ ပရောဂျက်ချက်အစီရင်ခံစာမှာပါတဲ့ အကြောင်းအရာတွေက အလွန်စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ ဒါက လုံးဝကို မယုံနိုင်စရာပဲ၊ ဒါပေမယ့် အောင်မြင်နိုင်‌ခြေက တစ်ရာခိုင်နှုန်းတောင်ရှိမနေဘူး။

သူ ဗီတိုအာဏာသုံးပြီး တားတော့မယ့်အချိန် သွမ့်ရှူးထုန်ပြောလာတာကို ကြားလိုက်ရတယ်။

" R&D က မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ စီစဉ်နေတာ။ ဒါကနည်းပညာပိုင်းဆိုင်ရာ အိုင်ဒီယာအသစ်‌တစ်ခုပဲလေ၊ ဘာလို့မကြိုးစားကြည့်ရမှာလဲ? "

ထိုကဲ့သို့ထုတ်ကုန်မျိုးက ဒီလောကမှာရှိတဲ့ လူ‌တွေအတွက် မယုံနိုင်စရာဖြစ်နေမှန်း သွမ့်ရှူးထုန်သိသော်လည်း သူ့ရဲ့အရင်ဘဝမှာ သေချာစိစစ်ထားခဲ့ဖူးတဲ့အတွက် ဒီထုတ်ကုန်အပေါ် သူယုံကြည်မှုရှိသည်။

ဟယ့်ရွင် မျက်လွှာချလိုက်သည်။

မေ့လိုက်တော့။

ဤလုပ်ငန်းတွင် သူဆယ်နှစ်ကြာအောင် လုပ်ကိုင်ခဲ့ပြီးနောက်မှာ ဒီလို “အိမ်ရှေ့စံမင်းသား” မျိုးရဲ့ ‌ပြင်းထန်တဲ့ စိတ်နေသဘောထားကို ကျင့်သားရနေပြီပင်။ သူသဘောမတူရင်တောင် နောက်ကျရင်မဖြစ်မနေသဘောတူလိုက်ရမှာပါပဲ။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Où les histoires vivent. Découvrez maintenant