Chapter 12 - နွေဦးနှင့် ဆောင်းဦးခန်းမထဲ ဝင်‌ရောက်ခြင်း

1.4K 253 3
                                    

Unicode

နံနက်ကိုးနာရီတွင် နွေဦးနှင့်ဆောင်းဦးခန်းမကို သွမ့်ရှူးထုန် စက်ဘီးစီးလာ၍ အချိန်မီရောက်ရှိသည် ။

နွေဦးနှင့် ဆောင်းဦးခန်းမကို အစောပိုင်းခေတ်မှာ စီရင်စုထဲ၌ တည်ထောင်ခဲ့သည် ။ ရုံးခန်းအဆောက်အအုံသည် ငါးထပ်သာရှိသော်လည်း အဆိုပါငါးထပ်ကို အထင်သေး၍မရပေ ၊ အဆောက်အအုံ၏ ဗိသုကာပုံစံမှာ ထူးခြားပြီး ရှန်ချွမ်းစီရင်စုထဲတွင် အတော်လေးနာမည်ကြီးသည် ။

သူတို့ တီထွင်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေကို လူကြိုက်များခြင်း မရှိတာက တကယ်ကို ဝမ်းနည်းစရာကောင်းလွန်းတယ် ။

မကြာသေးမီနှစ်များအတွင်း နွေဦးနှင့်ဆောင်းဦးခန်းမသည် အဆုံးအဖြတ်ပေး၍မရသည့် အခြေအနေတွင်ရှိနေခဲ့သည် ။ ဝန်ထမ်းများသည် စိတ်အားထက်သန်မှုမရှိသည့်အပြင် သူတို့ရဲ့စွမ်းရည်သည် သွမ့်မိသားစု ဌာနချုပ်ထက် များစွာနိမ့်ကျလွန်းသည် ။

ဤအချက်အလက်တွေကို မနေ့ညက လက်ခံရရှိပြီးထဲက သူ့ရဲ့ မျက်ခုံးတွေ အဆက်မပြတ်လှုပ်နေခဲ့တာ ခုထိပင် ။

အချက်အလက်တွေကို ‌အကဲဖြတ်ပြီးတဲ့နောက် R&D ဌာနရဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဟယ့်ရွင်ကတော့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ပင် ။သို့ပေမယ့် ဒီလိုစိတ်ပျက်စရာ ဝန်ထမ်းတွေနဲ့ ဘာအဆင်ပြေနိုင်မှာလဲ? သူတို့က တကယ်ကို ကျရှုံးမှု အကြီးစားတွေပဲ ။ သူတို့က အသေအချာ မကြိုးစားပဲနေမယ် နောက်ပြီး သူတို့ထဲက အများစုက တစ်ခြားသူတွေကို သူတို့နဲ့အတူတူ ဆွဲချသွားကြတာတွေချည်းပဲ ။

သွမ့်ရှူးထုန် စက်ဘီးကို တွန်းပြီး အဆောက်အဦးဆီ လျှောက်လာတယ် ။

တံခါးနားက အစောင့်က သူ့မျက်နှာကို အံ့သြတကြီး မျက်နှာထားနဲ့ ကြည့်ပြီး တံခါးကိုဖွင့်ပေးလာတယ် ။

“ ကျွန်တော်က R&D ဌာနရဲ့ ဝန်ထမ်းအသစ်ပါ ၊ အလုပ်သမားကတ်ပြားတော့ မထုတ်ရသေးဘူး ”

အစောင့် : " အိုး အိုး အိုး ကျွန်တော်သိတယ် ကျွန်တော်သိတယ် ၊ ဝင်သွားလိုက်ပါ ဝင်သွားလိုက်ပါ "

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]حيث تعيش القصص. اكتشف الآن