Chapter 21 - Battle With the Male Lead

912 155 0
                                    

Unicode

တနင်္လာနေ့မနက် အလုပ်သွားတော့ ကျိုးလင်က mask တပ်ထားပြီး လမ်းတလျောက် ခေါင်းငုံ့ရင်း ဓာတ်ခွဲခန်းနံပါတ် 2 ထဲသို့ လျှောက်သွားခဲ့တယ်။ စမ်းသပ်စားပွဲရှေ့က သွမ့်ရှူးထုန်ကိုတွေ့လိုက်ရချိန်မှာ စိတ်လှုပ်ရှားကာ  သူမ မျက်လုံးများ တောက်ပ‌လာသည်။

သူမ mask ကို ချွတ်လိုက်ပြီးနောက် မျက်လုံးများက လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားပြီး
"ဒါရိုက်တာသွမ့်၊ ကျွန်မ မျက်နှာကိုကြည့်ပါဦး !"

သွမ့်ရှူးထုန်က သူ့ခေါင်းကို လှည့်ကာ သူမမျက်နှာကို ခဏလောက် ကြည့်လိုက်သည်။ သိပ်အံ့သြပုံမပေါ်‌ပေ။သူက ညင်သာစွာ ခေါင်းညိတ်ပြပြီး “အဲ့ဒါကို ဆက်သုံးပါ အနာဂတ်မှာ  ပိုပြီးကောင်းလာလိမ့်မယ်”။

သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့်သာ မဟုတ်ရင် ကျိုးလင်အတွက် အထူးသီးသန့် skin care ထုတ်ကုန်တစ်ခု သူဖန်တီးပေးနိုင်လောက်သည်။

လူတိုင်းရဲ့ အသားအရေ အရည်အသွေးက တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။ ကိုယ့်အသားအရည်နဲ့ အသင့်တော်ဆုံး skin care ထုတ်ကုန်ကို အသုံးပြုမှသာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။

ကျိုးလင်က လေးစားမှုအပြည့်နှင့် ခေါင်းညိတ်လိုက်သည်။ "ရှင်က အရမ်းအံ့သြစရာ ကောင်းတာပဲ! ဒီအရှိန်နဲ့ဆိုရင် ကျွန်မမျက်နှာက တစ်ပတ်အတွင်း ဒီထက်ပိုကောင်းလာမှာ သေချာတယ်”။

သွမ့်ရှူးထုန် ခဏလောက် စဉ်းစားလိုက်တယ်။ “ဒါဆို အစီရင်ခံစာ တင်ဖို့အတွက် သောကြာနေ့အထိ စောင့်ကြရအောင်”

ဒီထုတ်ကုန်ရဲ့ အကျိုးသက်ရောက်မှုအတွက် ခိုင်မာတဲ့သက်သေရှိနေမှတော့ ဒီထုတ်ကုန်သစ်ရဲ့ အလားလာရှိတဲ့ တန်ဖိုးကို ကျိုက်ကျွင့် မြင်လိမ့်မယ်။
အဲ့တာကြောင့် ရင်းနှီးမြုပ်နှံမှုက တိုးသွားပြီး ကျော်ကြားလာမယ်။

ရက်အနည်းကြာပြီးနောက် သွမ့်ရှူးထုန် အတိုအထွာများ ပြီးစီးသွားသည်နှင့် သူ့အလုပ်ကို လက်စသတ် လိုက်သည်။ထုတ်ကုန်အသစ်အတွက် ဖော်မြူလာပိုင်းဆိုင်ရာ ရှာဖွေဖို့ အစီအစဉ်ကို စတင်လိုက်သည်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now