Chapter 2 - တတိယဇာတ်လိုက် မင်းကိုအခွင့်အရေးတစ်ခုပေးမယ်

1.9K 273 0
                                    

Unicode

" ကုမ္ပဏီမှာ အလုပ်မရှိအားယားနေတဲ့ လူမရှိဘူး! "  ဖေဖေသွမ့်က  သူ့ရဲ့ လွန်ကဲမတဲ့ မောက်မာမှု ကို သဘောမတူသော်လည်း ထိုနေရာကို ရထားစီးသွားဖို့ သူ့ကို ပြောနိုင်တဲ့ နှလုံးသားလဲ မရှိခဲ့ဘူး ။   သူ့လက်ကို ဝှေ့ယမ်းရုံသာ လုပ်နိုင်ခဲ့ပြီး " ရှီမိသားစုရဲ့ မင်းဦးလေးလည်း စစ်ဆေးဖို့ အဲဒီကို သွားနေ‌ရတာ ခဏ ခဏပဲ ။  ငါ သူ့ကို ပြောပေးမယ် ။  မင်း သူနဲ့ အတူ စီးနိုင်ပြီး သူဆီကနေ ကောင်းကောင်း သင်ယူသင့်တယ်! ”

ရှီမိသားစု နှင့် သွမ့်မိသားစုသည် အချိန်အ‌တော်ကြာရင်းနှီးခဲ့သော မိသားစု သူငယ်ချင်းများပင် ။  လက်ရှိ ရှီမိသားစု၏ အကြီးအကဲမှာ ဖေဖေသွမ့် နှင့် မျိုးဆက်တူဖြစ်သည် ။  သွမ့်ရှူးထုန်သည် သဘာဝအတိုင်း သူ့ကို ဦးလေးဟု ခေါ်ရသည် ။

သွမ့်ရှူးထုန် ခဏမျှ စဉ်းစားလိုက်သည် ။  ဘဝမှာ တစ်ခါမှ လက်မထပ်ဖူးသေးတဲ့ တတိယမြောက်ဇာတ်လိုက်ရဲ့ မျိုးရိုးနာမည်က ရှီဆိုတာ သူသိရသွားတယ် ။ ဒါ့အပြင် ဖေဖေသွမ့်က သူ့ရဲ့ လေးစားမှုကို တစ်စုံတစ်ယောက်အတွက် ဖော်ပြပြီဆိုလျှင် ထိုသူမှာ တတိယဇာတ်လိုက်က လွဲပြီး တခြားဘယ်သူမှ မရှိနိုင်ဘူး ။

သွမ့်ရှူးထုန် က သူစိတ်ထဲမထားဘူးလို့‌ ပြောခဲ့တယ် ။ ဟိုမှာ သွားနေတဲ့ချိန် သူ့အတွက် ကားမောင်းပေးမယ့်လူရှိနေသ၍တော့ အဆင်ပြေတယ် ။

“ ဒါဆိုလည်း သွားကွာ ” ဖေဖေသွမ့်က သူ့ရဲ့မိုက်မဲတဲ့ သားကို နောက်တစ်ကြိမ် ထပ်မကြည့်နိုင်တော့ဘူး ။

သွမ့်ရှူးထုန် ရုံးခန်းမှ ထွက်လာခဲ့သည် ။  ဇွန်လရဲ့ ပူပြင်းတဲ့  လေပြင်းက မူးဝေလာ‌စေသည် ။  သူ ရုံးခန်းအပြင်ဘက်တွင် တစ်မိနစ်ခန့် ရပ်နေခဲ့သည် ။  မူလ host ၏ မှတ်ဉာဏ်များကို အနည်းနှင့်အများ ချေဖျက်ပြီးနောက် ဒီကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီ ။

လုံခြုံရေးကောင်တာမှ လုံခြုံရေးအစောင့်‌လေးသည် တက္ကစီပေါ်တက်သွားတဲ့ သူ့ကိုကြည့်ပြီး လက်ကိုင်ဖုန်းကို ချက်ချင်းဆွဲထုတ်လိုက်သည်။  သူ chat group ထဲတွင် ပျော်ရွှင်စွာ စာရိုက်‌လိုက်သည်။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Where stories live. Discover now