Chapter 10 - မနက်စာ ပို့ပေးခြင်း

1.4K 264 4
                                        

Unicode

ရှီသွမ့် သူတို့နဲ့အတူ စူပါမားကတ်ကို လိုက်မသွားဘူး ။ သူအရမ်းအလုပ်များနေတယ် ။

ကံကောင်းထောက်မစွာနဲ့ ဗီလာရဲ့ကားဂိုဒေါင်ထဲတွင် အခြားကားတစ်စီးရှိ‌နေခဲ့တယ် ။ ရှီသွမ့်၏ ဒရိုင်ဘာဖြစ်သူ ရှောင်လျို့ကို သွမ့်ရှူးထုန် ဈေးဝယ်ရန် စူပါမားကတ်ကို မောင်းပို့ခိုင်းလိုက်ပြီး သူကတော့ ချန်းနျဉ်နှင့် တခြား ကားတစ်စီး စီးသွားလိုက်သည် ။

ပြန်ရောက်ပြီး မကြာခင်ပင် ညစာစားချိန် နီးနေပြီ ။ သွမ့်ရှူးထုန်က ရှီသွမ့်ကို ထမင်းစားဖို့ ဖိတ်ခဲ့ပေမဲ့ ရှောင်လျို့က တစ်ခါထပ်ခေါ်‌ပေးလိုက်တယ် ။

ချက်ပြုတ်ရတာက မလွယ်ကူဘူး ။

ဈေးဝယ်ထွက်ခြင်းက ကိုယ်လက်လှုပ်ရှားမှုအလွန်လုပ်ရပြီး သွမ့်ရှူးထုန် အနည်းငယ်ပင်းပန်းနေပြီ ။ ဒါ့အပြင် သူတစ်‌ယောက်တည်း စားသောက်ရတာကြောင့် အေးခဲထားတဲ့ ဖက်ထုပ် တစ်ဒါဇင်ခန့်ကိုသာ ပြန်ချက်ပြီး စားလိုက်သည် ။

စူပါမားကတ်စင်ပေါ်မှာ နွေဦးနှင့်ဆောင်ဦးခန်းမမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ တစ်ခုမှ မရှိကြောင်း သွမ့်ရှူးထုန် တွေးမိသောအခါ သက်ပြင်းတစ်ချက်ချလိုက်မိသည် ။

ရေအေးကန်ဟု ခေါ်ဆိုခြင်းသည် နွေဦးနှင့်ဆောင်းဦးခန်းမကြောင့်ဟူသည်မှာ ခန့်မှန်းခြေသာ ဖြစ်သည် ။ ရေတစ်စက်တောင် ရှိမနေဘူး ။

Skin care ထုတ်ကုန်တွေအကြောင်း မပြောဘဲ‌နေကြရအောင်လား ဒါပေမယ့် ရိုးရှင်းတဲ့ hand cream လေးတောင် မထုတ်လုပ်နိုင်ဘူးလား ။

စားသောက်ပြီးတာနဲ့ အစား‌ကြေစေဖို့ လမ်းလျှောက်ထွက်ခဲ့တယ် ။ လမ်းဆုံးနားက ဆံပင်ညှပ်ဆိုင်သို့သွားကာ ဆံပင်တစ်လက်မခန့်ညှပ်ပြီးနောက် ရှော့ပင်းမောလ်သို့သွားကာ ပေါ့ပေါ့ပါးပါးဝတ်စုံအချို့ကို ဝယ်ခဲ့သည် ။

သူ ဗီလာကို ပြန်ရောက်သည့်အခါ နွေဦးနှင့် ဆောင်းဦးခန်းမ၏ အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်တစ်ခုရေးဆွဲကာ စားပွဲခုံပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ များများချရေးလေ သက်ပြင်းချမိလေပဲ ။

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora