Chapter 7 - ဇာတ်လိုက်နှင့် စကားစမြည်ပြောခြင်း

1.4K 249 4
                                    

Unicode

ရှီမိသားစု၏ ဒရိုင်ဘာက ကားကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ခဲ့ပြီး စီးနင်းမှုမှာ အလွန်ချောမွေ့ခဲ့သည် ။

ချန်းနျဉ်သည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်သည် ။ ရှိသွမ့်၏အနားယူခြင်းကို မနှောင့်ယှက်မိစေရန် သွမ့်ရှူးထုန်က ဖော်ရွေသောအပြုံးလေသာ ပြုံးပြလိုက်ပြီး စကားမပြောဘဲ နေလိုက်သည် ။

ဖုန်းကို အသံပိတ်ထားလိုက်ပြီး အိတ်ထဲပြန်ထည့်တော့မယ့်အချိန် ဖုန်းမျက်နာပြင်က မီးလင်းလာသည် ။

WeChat message တစ်‌ခုဖြစ်သည် ။

ဝေဝေ : မနေ့က ဆေးရုံစရိတ်အတွက် နင်ငါ့ကို ကူညီပေးခဲ့တယ်လို့ သူနာပြုဆီက ကြားတယ် ။ ကျေးဇူးတင်ပါတယ် ။ ငါနင့်ကို ငွေပြန်လွှဲလိုက်မယ် ။

သွမ့်ရှူးထုန် မျက်ခုံးပင့်လိုက်တယ် ။ သူပထမဆုံးလုပ်တာက နာမည်ပြောင်းတာပင် ။

ဖေးရို့ဝေ : လွှဲငွေ 648 ယွမ်။

သွမ့်ရှူးထုန် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီး နောက်ဆုံးတွင် လက်ခံရန် ရွေးချယ်ခဲ့သည် ။

သူလက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူသည် သူလိုင်း‌ပေါ်ရှိနေကြောင်းသိသွားပြီး ချက်ခြင်းပင် နောက်ထပ် message တစ်စောင် ပေးပို့လာသည် : နင် လင်းနန်ပြည်နယ်ကို သွားမယ်လို့ ငါကြားတယ် ။

သွမ့်ရှူးထုန် သူ့ဖုန်းကာဗာကို ပွတ်လိုက်တယ် ။ ဖေးရို့ဝေ သတင်းရတာ အရမ်းမြန်တာပဲ ။

သူမကို ချက်ချင်း စာမပြန်ခဲ့ဘူး ။ အဲဒီအစား ရှေ့ခုံက ချန်းနျဉ်ဆီကို စာတစ်စောင်ပို့လိုက်တယ်။

ချန်းနျဉ် ဖုန်းလည်း အသံပိတ်ထားသော်လည်း စာကို အချိန်မီမြင်တွေ့နိုင်‌သေးသည် ။ အောက်ကို ငုံ့ကြည့်လိုက်တော့ သခင်လေးသွမ့်ဆီကဆိုတာ တွေ့လိုက်ရတယ် ။

သခင်လေးသွမ့် : မနေ့တုန်းက အန်ကယ်ရှီ ဆေးရုံသွားပြီး မစ္စဖေးကို သတင်းမေးသွားမေးသေးလား ? ။

ချန်းနျဉ် အံ့သြသွားတယ် ။ ဒါဘာကိုဆိုလိုတာပါလိမ့် ? မင်းက လွှတ်ချလိုက်တော့မယ်လို့ ပြောနေတဲ့အချိန်မှာတောင် ဥက္ကဌရှီနဲ့ မစ္စဖေးတို့ကြားက ဆက်ဆံရေးကို ဂရုစိုက်နေသေးတာလား ?

ဒုတိယဇာတ်လိုက် နှင့် တတိယဇာတ်လိုက် တို့၏ ပျော်ရွှင်စရာ အဆုံးသတ် ! [ဘာသာပြန်]Donde viven las historias. Descúbrelo ahora