#Unicode'ဂွက်!"
အထဲမှာအရက်တစ်စက်ကလေးမှမရှိတော့သည့် ခွက်အား ခုံပေါ်စောင့်ချလိုက်သောအခါ ထွက်လာတဲ့အသံကြောင့် ဘားရှိ waiter လေးမှာ လန့်ဖြန့်သွားရတော့သည်...။
"တောက်...! ဟန်မင်ဆော့ အစုတ်ပလုတ်ကောင်...!! ငါ့ကိုပစ်ချင်တိုင်းပစ်ထားခဲ့ရအောင် အမှိုက်များမှတ်နေသလား...! သူချစ်ချင်တုန်းကတော့ချစ်ပြီး မချစ်ချင်တော့တဲ့အခါကျ မင်းနဲ့ငါပြတ်ပြီဆိုပြီး ထွက်သွားရအောင် သူကရော ဘယ်လောက်များတန်ဖိုးတွေကြီးနေလို့လဲ!! သေနာကောင် ခွေးကောင်...! ငါ ဒီလိုကောင်ကို ဘာကြည့်ပြီးများကြိုက်ခဲ့မိလဲမသိဘူး! waiter..! နောက်တစ်ခွက်ချပေး...!"
စိတ်တိုဒေါသထွက်ရင်း ဆဲနည်းပေါင်းစုံဖြင့် အော်ဟစ်နေသည့် ထိုကောင်လေးက အရက်နောက်တစ်ခွက်ထပ်တောင်းသဖြင့် waiter လေးမှာလဲ ခပ်လန့်လန့်နဲ့ပင် ချပေးလိုက်ရသည်...။
မချပေးလို့လဲမရ၊ ဘားကိုစလာကတည်းက အပြင်းဆုံးအရက်တစ်ခွက်ပေးဆိုတဲ့စကားနဲ့ လာတာ...။ ရုပ်လေးက နုနုလေး၊ ခန္ဓာကိုယ်လေးကလည်း သွယ်လျလျနှင့် ပုံစံကလည်း အရက်မသောက်တတ်တဲ့ပုံစံမို့ အဆင်ပြေပါ့မလားလို့စေတနာနဲ့မေးလိုက်မိပေမယ့် 'ဘာလဲ ငါ့လိုရုပ်ကိုအရက်မရောင်းရဘူးလို့ ဥပဒေပြဌာန်းထားလို့လား...!? မှတ်ပုံတင်ပြရမလား အသက်ပြည့်ပြီ! မရောင်းရင် မန်နေဂျာနဲ့သွားပြောမှာနော်...!' ဆိုတဲ့ ခပ်စွာစွာရန်ပြန်တွေ့သံကြောင့် အပြင်းဆုံးအရက်တစ်ခွက်ချပေးလိုက်ရတော့သည်...။
ထင်တဲ့အတိုင်းပါပင်၊ အရက်လေးနှစ်ခွက်တောင်မကုန်သေးခင်မှာပင် အမူးသမားလုံးလုံးဖြစ်သွားတဲ့ အနှီကောင်လေးက မကျေနပ်ချက်တွေပေါက်ကွဲထွက်တော့တာပဲ...။
ဖွင့်ထားသည့်သီချင်းသံကြောင့် အခြားလူတွေက ဒီကောင်လေးရဲ့အသံကျယ်ကျယ်ကိုမကြားကြပေမယ့် ဘေးမှာရပ်နေသော waiter လေးမှာတော့ အတိုင်းသားကြားရပါသည်။ ထိုအခါ ကောက်ချက်ချလိုက်မိတာကတော့ ရုပ်လေးနဲ့မလိုက်၊ တော်တော်စွာပြီး တော်တော်ဆဲတတ်တဲ့ကောင်လေးပင်ဟူ၍...။
"Red Wine တစ်ခွက်...!"
အရက်နှစ်ခွက်နဲ့တင်မူးနေပြီဖြစ်တဲ့ ထိုကောင်လေးကိုစိတ်လေလေနဲ့ကြည့်နေတုန်းမှာပင် ရောက်လာတဲ့ customer နောက်တစ်ယောက်ကြောင့် waiter လေးမှာ အလျင်အမြန်ပင်ပြင်ဆင်ရသည်...။
