Episode-19

16.2K 1.1K 268
                                        

#Unicode

ဒယ်ဂူကနေပြန်လာပြီး တစ်ပတ်လောက်အကြာမှာတင် နှစ်ယောက်သား ခရီးနောက်တစ်ခုထပ်ထွက်ရဖို့အကြောင်းဖန်လာပြန်သည်...။ ဒီခရီးကတော့အပျော်ခရီးပင်...။ ရုံးရှိဝန်ထမ်းတွေအကုန်လုံးကိုစုပြီး နှစ်နှစ်တစ်ခါ ရုံးကလိုက်ပို့ပေးနေကျ ခရီးစဉ်ပင်...။ ဒီနှစ်ဘယ်သွားကြမလဲမေးလိုက်တော့ ဝန်ထမ်းတွေအကုန်လုံးက တက်ညီလက်ညီ ကမ်းခြေသွားချင်ပါတယ်လို့ ပြောလာကြတာနဲ့ ကမ်းခြေသွားဖို့စီစဉ်နေရခြင်းပင်...။

"ဂျွန်...! အိတ်ထဲထည့်ဖို့ လိုတာတွေရှိသေးလား...? တစ်ခါတည်းထည့်ပေးမလို့..."

နှစ်ညအိပ် သုံးရက်ခရီးမို့ လိုအပ်တဲ့ပစ္စည်းလေးတွေအား ဂျွန့်ရဲ့ luggage အိတ်ထဲထည့်ပေးရင်း မေးလိုက်ပေမယ့် ဂျွန့်ဆီက စကားသံပြန်မရ...။ အနောက်လှည့်ကြည့်လိုက်လေတော့ ကုတင်ပေါ်မှာ လှဲလျက် ခေါင်းအုံးပေါ်လက်ထောက်ပြီး ကိုယ့်ကိုကြည့်နေသော ဂျွန်....။ နိုးကတည်းက အခုထိအင်္ကျီမဝတ်သေးပဲ ဘောင်းဘီတစ်ထည်နဲ့သာနေနေသည်မို့ ဖြူဖွေးဖွေးရင်ဘတ်ကြီးက မျက်လုံးထဲတန်းခနဲဝင်လို့လာသည်...။

"အင်္ကျီဝတ်ပါတော့ဆို...!"

ပြောလည်းပြော၊ ဗီဒီုထဲက စပွတ်ရှပ်အဖြူတစ်ထည်ကို ယူပြီး ကောက်ပစ်ပေးလိုက်ရသည်...။ ထိုအခါ ဂျွန်က တစ်ချက်ရယ်ကာ အင်္ကျီကိုကိုင်ရင်း...

"ဘာဖြစ်လို့လဲ...? အခန်းထဲမှာ ကိုယ်နဲ့ထယ်နဲ့နှစ်ယောက်တည်းရှိတာပဲဟာ..."

"အဲဒီ့လို အင်္ကျီမပါတဲ့ရင်ဘတ်ကြီးနဲ့ လူကိုအနောက်ကနေမျက်တောင်မခတ်တမ်းကြည့်နေတဲ့ပုံကြီးကို ကြက်သီးထလွန်းလို့...!"

ပြောပြီးတာနဲ့ အရှေ့ကိုပြန်လှည့်လိုက်တော့သည်။ ပြုံးတုံ့တုံ့မျက်နှာပေးနဲ့ ရီဝေဝေအကြည့်တွေကို ထပ်ပြီးရင်မဆိုင်နိုင်တော့ပေ...။

အရှေ့ကိုပြန်လှည့်ကာ ပစ္စည်းတွေထည့်နေတုန်း ကိုယ်ပေးလိုက်တဲ့အင်္ကျီကိုဝတ်ပြီး ကုတင်ပေါ်ကထလာကာ ကိုယ့်အနားကိုရောက်လာတဲ့ ဂျွန်...။ ခါးကိုလက်တစ်ဖက်ဖြင့်ဖက်လို့လာပြီး ထည့်နေတဲ့ပစ္စည်းတွေကို စူးစူးစမ်းစမ်းကြည့်လာလေတော့...

Oh My Dear (Completed)Hikayelerin yaşadığı yer. Şimdi keşfedin