Episode-15

17.2K 1.2K 233
                                    


#Unicode

"ဟေ့ကောင်...! မင်း ငါ့စီးပွားကိုဖျက်နေတာလား...?"

ဥက္ကဌကြီးဂျွန်မှာ ဒေါသတကြီးနဲ့ပြောလိုက်ပေမယ့် အရှေ့က သူ့ရဲ့သားတော်မောင်ကတော့ ကော်ဖီသောက်မပျက်ပေ...။

"ဟေ့ကောင် ငါမေးနေတယ်လေ...!"

"ကျွန်တော်ဘာလုပ်နေလို့လဲ...?"

"ရှယ်ယာရှင်တွေကို ရှယ်ယာထုတ်ချင်ထုတ် မထုတ်ချင်နေဆိုပြီး ပြောလွှတ်လိုက်တယ်ဆို...! အဲဒါ မင်း ငါ့စီးပွားကိုဖျက်နေတာမဟုတ်လို့ဘာလဲ...?"

"အော်... ဒါလား...?"

အေးအေးဆေးဆေးနဲ့ ခြေထောက်ချိတ်ပြီးတောင်ပြန်မေးလိုက်တဲ့ သားဖြစ်သူအားကြည့်ရင်း ဥက္ကဌကြီးဂျွန် ကိုယ့်ရင်ဘတ်ကိုယ်ဖိမိပါတော့သည်...။ ခရီးကပြန်ရောက်ရောက်ချင်း ရင်ဝကိုဆောင့်ကန်လိုက်တဲ့ဒီသတင်းကြောင့် သွေးတောင်တက်သွားချင်သလိုလို...။ အခုလည်း ရှယ်ယာရှင်တွေဘက်မှာ ဒီ CEO က ရှယ်ယာရှင်တွေအပေါ် လေးစားမှုမရှိဘူးဆိုပြီး သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ဆူပူသံတွေထွက်နေလေ၏...။ ဥက္ကဌကြီးဂျွန် ဒီကိစ္စကိုဘယ်လိုရှင်းလို့ရှင်းရမှန်းမသိတော့ပါပေ...။

"မင်း အေးအေးဆေးဆေးနေနိုင်သေးတယ်နော်...! တော်ကြာ ရှယ်ယာရှင်တွေပေါင်းပြီး မင်းကို CEO အဖြစ်ကနေဖြုတ်ချကြရင် ဘယ်လိုလုပ်မလဲ ပြော...? ငါပြောနေတာက ဒီကိစ္စမှာသူတို့ဘက်ကမှန်တယ်လို့ပြောနေတာမဟုတ်ဘူးနော်။ ပြေပြေလည်လည်ညှိစေချင်တာ မဟုတ်ရင် ပြဿနာတွေတက်လာမှာစိုးလို့..."

"အဖေ့ရှယ်ယာရှင်တွေလား ဒီလိုသတ္တိရှိမှာ...! ရှယ်ယာတွေထုတ်ခိုင်းတာတောင် မထုတ်နိုင်တဲ့လူတွေက ကျွန်တော့်ကို CEO နေရာကနေဖြုတ်ချနိုင်မယ်လို့ထင်နေတာလား...? ဖြုတ်ချနိုင်မယ်ထင်ရင်လည်း ဖြုတ်ချကြပါစေ။ J Group တစ်ခုလုံးကိုသူတို့အုပ်ချုပ်နိုင်မလား ထိုင်ကြည့်ရုံပဲပေါ့..."

"ပြောလိုက်ရင်တော့ ဆင်ခြေအပြည့်...! အေးပါ မင်းရဲ့အမေအရှေ့မှာကော ဒီလို အပြောကြီးနိုင်သေးမလားကြည့်ဦးမယ်..."

"အမေ...? အမေက ဘာဖြစ်လို့လဲ...?"

"မင်းနဲ့မင်းကောင်လေးသတင်းက ရှယ်ယာရှင်တွေကြားမှာကော အပြင်မှာပါ ဒီလောက်ပြန့်နေတာ မင်း‌အမေကောမကြားပဲနေမလား...? မင်းအမေဆီသွားပြီး အကျိုးအကြောင်းလေးတော့ရှင်းပြလိုက်ဦး...။ ဒီကိစ္စက မင်းကိုယ်တိုင်ပြောပြရမယ့်ကိစ္စလေ..."

Oh My Dear (Completed)Where stories live. Discover now