Episode-23

14.3K 1K 197
                                    

#Unicode

"ဘာလို့အဲ့လောက်ကြာနေရတာလဲ...?"

"ကျွန်တော် သေချာအောင်စမ်းသပ်နေရလို့ပါ CEO ဂျွန်...။ ခဏလောက်တော့စောင့်ပေးပါဦး..."

ဂျွန့်ရဲ့အမေးကို ပြန်ဖြေလိုက်သော ဆရာဝန်ရဲ့စကား...။

အခုလက်ရှိအနေအထားကိုပြောရရင်တော့ ကုတင်ပေါ်မှာလှဲပြီး ဆရာဝန်ရဲ့စမ်းသပ်ခြင်းကိုခံနေရသည့် ထယ်ယောင်းရယ်၊ ကုတင်ဘေးမှာလက်ပိုက်ကာ မျက်မှောင်ကျုံ့လျက်ရပ်နေသည့် ဂျွန်ရယ်ကိုတွေ့ရမည်ဖြစ်သည်...။ ခပ်လှမ်းလှမ်းကထိုင်ခုံမှာတော့ ဂျွန့်အဖေနဲ့အမေကထိုင်နေလေ၏...။

ဒီညနေ ရေချိုးခန်းကအထွက်မှာ ခေါင်းကမူးခနဲဖြစ်သွားတာကြောင့် ဂျွန်က အိမ်ကိုဆရာဝန်ခေါ်ကာ ပြခြင်းပင်...။ နည်းနည်းလေးပဲမူးတာပါ၊ ဆရာဝန်ခေါ်ပြစရာမလိုပါဘူးဆိုလည်း ဂျွန်ကမရ၊ အတင်းဆရာဝန်ခေါ်ခိုင်းတဲ့အပြင် သူ့အဖေနဲ့အမေကိုပါခေါ်လိုက်သေးသည်...။ အခုလည်း ဆရာဝန်စမ်းသပ်နေတာကြာလို့ဆိုပြီး အပြစ်ပြောနေလို့ ကိုယ့်မှာ လှဲနေရင်း မျက်နှာရိပ်မျက်နှာကဲပြရပါသေးသည်...။

"စိုးရိမ်စရာကိစ္စမဟုတ်ပါဘူး၊ ပျော်ရမယ့်ကိစ္စပါ။ Congratulations ပါ၊ CEO ဂျွန်...။ ထယ်ယောင်းရှီမှာကိုယ်ဝန်ရှိနေပါပြီ..."

သေချာစမ်းသပ်ပြီးနောက် ပြောလာတဲ့ဆရာဝန်ရဲ့စကား...။ အခန်းထဲမှာရှိနေတဲ့လူတွေအကုန်လုံး အံ့ဩမှင်သက်ကာ ပျော်ရွှင်သွားကြတော့သည်...။ စစလက်ထပ်ပြီးကတည်းက နှစ်ယောက်လုံးကလေးလိုချင်ကြတာမို့ ဆရာဝန်နဲ့တိုင်ပင်ခဲ့ကြသည်...။ အခု လက်ထပ်ပြီးတစ်နှစ်ပြည့်ခါနီးမှာတော့ ကိုယ်တို့နှစ်ယောက်ရဲ့ကမ္ဘာထဲ သားသားလေးလား၊ မီးမီးလေးလားမသိရသေးတဲ့ ကိုယ်တို့ရဲ့သွေးသားလေးရောက်လာတော့မှာဖြစ်သည်...။

ပြောစရာရှိတာပြော၊ ညွှန်ကြားစရာရှိတာညွှန်ကြားပြီးနောက် ထွက်သွားပြီဖြစ်တဲ့ ဆရာဝန်...။ ဂျွန့်အဖေနဲ့အမေကတော့ ကိုယ်တို့နှစ်ယောက်စကားအေးအေးဆေးဆေးပြောကြရအောင်ဆိုပြီး ဆရာဝန်အနောက်ကနေ တပြုံးပြုံးနဲ့လိုက်ထွက်သွားကြလေ၏...။ ဒယ်ဂူမှာရှိတဲ့ကိုယ့်မိသားစုကိုလည်း သွားအကြောင်းကြားလိုက်ဦးမယ်တဲ့လေ...။

Oh My Dear (Completed)Where stories live. Discover now