#Unicode
"သားတို့ရေ....! မနက်စာရပြီနော်...!"
မနက်စာစားပွဲဝိုင်းဆီက ကြားလိုက်ရတဲ့ အမေ့စကားကြောင့် ထယ်ယောင်း လှေကားကနေပြေးဆင်းလာလိုက်တော့ လှေကားခြေရင်းမှာ ကိုယ့်ကိုရပ်စောင့်လို့နေသည့် ဂျွန်...။
"ဘာလို့ပြေးဆင်းလာတာလဲ...? ချော်လဲကျမှဖြင့်..."
သူ့အရှေ့ရောက်တာနဲ့ ကိုယ့်ကို ပြောလာသည့် ဂျွန်။
"ဒီလှေကားက ကျွန်တော်ငယ်ငယ်လေးတည်းက ပြေးတက် ပြေးဆင်း လုပ်နေကျလှေကားပါနော်..."
မျက်စောင်းလေးတစ်ချက်ထိုး၍ မကျေမချမ်းပြန်ပြောလိုက်တော့ ဂျွန်က ကိုယ့်ခေါင်းကိုတစ်ချက်ပုတ်လာပြီး...
"မင်းလေးကို စိတ်ပူလို့ပြောတာလေ..."
"CEO ကြီးနော်...! ခင်ဗျားကို ကျွန်တော်သိပ်ကျေနပ်တာမဟုတ်ဘူး...!"
"ဟောဗျာ...? ကိုယ် ဘာလုပ်မိလို့လဲ...?"
"ညက အခန်းထဲကနေတစ်ညလုံးမပြန်ပဲ လူကို နှုတ်ခမ်းပေါက်တဲ့အထိနမ်းသွားတာလေ...! အခု အဖေတို့တွေ့သွားမှာစိုးလို့ lip balm လိမ်းလာရတယ်...! အဲဒါ သိလား...?"
ကိုယ့်စကားကြောင့် ဂျွန်က ရယ်လို့လာကာ သူ့မျက်နှာကြီးကိုကိုယ့်အနားတိုးလို့လာသည်...။ ထို့နောက်...
"ထယ် မကျေနပ်ရင် နှုတ်ခမ်းပေါက်တဲ့အထိ ကိုယ့်ကိုပြန်နမ်းလေ...! ကိုယ်က ကြည်ကြည်ဖြူဖြူနဲ့ ငြိမ်ခံနေပေးပါ့မယ်..."
သူ့နှုတ်ခမ်းကြီးကိုဆူကာ ပြောလာသော ဂျွန်...။ ထိုဆူနေတဲ့နှုတ်ခမ်းကြီးကို လက်ဖဝါးနဲ့အုပ်ကာ တွန်းလိုက်ပြီး...
"နစ်နာနေပါဦးမယ် ကျွန်တော့်ရဲ့ CEO ကြီးရယ်..."
"သားတို့...! မနက်စာအဆင်သင့်ဖြစ်ပြီလို့...! လာကြတော့လေ...!"
နှစ်ယောက်သားစကားပြောနေစဉ်မှာပင် ထပ်ကြားလိုက်ရသည့် ထမင်းစားခန်းထဲရှိ အမေ့ရဲ့ခေါ်သံ...။
"လာ သွားကြရအောင်...!"
တစ်ယောက်လက်ကိုတစ်ယောက်တွဲ၍ ထမင်းစားခန်းထဲဝင်လာလိုက်တော့ အဖေရော အမေရော အဖွားပါ အစုံအလင်ရောက်နေကြပြီဖြစ်သည်...။ စားပွဲရဲ့ထိပ်မှာ သတင်းစာဖတ်လျက် ထိုင်နေသော ထယ်ယောင်းအဖေအား ဂျောင်ကုတစ်ချက်ကြည့်လိုက်ပြီး...