Episode-11

22.7K 1.3K 324
                                        

#Unicode

တစ်ညလုံး သည်းကြီးမည်းကြီးရွာထားတဲ့မိုးဟာ နေရောင်သန်းခါနီး ဝေလီဝေလင်းအချိန်မှ တိတ်‌လေ၏...။ လမ်းမတွေဟာ အခုထိမိုးရေမခြောက်သေး...။ ထို့အတူ လမ်းတစ်နေရာမှာရပ်ထားသည့် အနက်ရောင်ကားတစ်စီးပေါ်မှာလည်း မိုးရေစက်များဟာ ဟိုတစ်စက် ဒီတစ်စက် တင်ကျန်နေသေးသည်...။

တစ်ကိုယ်လုံးကိုက်ခဲနေတဲ့အပြင် ကိုယ့်ကိုယ်အပေါ်တစ်စုံတစ်ခုတက်ဖိထားခြင်းကိုခံထားရသည့် ခံစားချက်ကြောင့် ထယ်ယောင်းနိုးလာခဲ့သည်...။ ကိုယ့်အပေါ်တက်ဖိထားတဲ့တစ်စုံတစ်ရာက တခြားမဟုတ်၊ ချစ်လှစွာသော CEO ကြီးပင်...။

ကားနောက်ခန်းရဲ့ဆိုဖာမှာလှဲနေသည့် ကိုယ့်ကိုယ်အပေါ်မှောက်လျက်အနေအထားဖြင့် ရှိနေပါသော CEO ...။ ကျဉ်းကျပ်ကျပ်နေရာလေး၌ နှစ်ယောက်သားရဲ့ခန္ဓာကိုယ်နှစ်ခုဟာ တစ်ခုအပေါ်တစ်ခုထပ်လျက်ရှိနေပြီး ကိုယ်တို့နှစ်ယောက်လုံးကိုတော့ သပက်အရှည်တစ်ထည်က လွှမ်းခြုံထားသည်...။ ဘေးမှာတော့ နှစ်ယောက်စလုံးရဲ့အဝတ်အစားတွေက ပြန့်ကျဲလို့...။

ကိုယ့်ရဲ့လည်ပင်းထံမျက်နှာအပ်ထားသည့်အပြင် ခါးတွေကိုပါတင်းတင်းကျပ်ကျပ်ဖက်ထားတာမို့ တစ်စက်ကလေးမှလှုပ်လို့မရတဲ့အနေအထား...။ သို့ပေမယ့် လှုပ်လို့ရလိုရငြား သူ့ခန္ဓာကိုယ်အောက်မြုပ်နေသည့် ကိုယ့်လက်အား အသာထုတ်ရင်း ဟိုလှုပ်ဒီလှုပ် လှုပ်လိုက်မိတဲ့အခါ...

"အင်း..."

ညည်းသံတစ်ချက်နဲ့အတူ လူးလွန့်လာရင်း ကိုယ့်လည်တိုင်အား နှုတ်ခမ်းဖြင့်ပွတ်သပ်ပြီးနောက် ပြန်အိပ်ပျော်လို့သွားသည်...။ ခါးတွေကိုဖက်ထားသည့်လက်တွေကိုတော့ လွှတ်ပေးမလာသည့်အပြင် ပို၍ပင်တင်းကျပ်လို့လာသေးသည်...။ တစ်ချက်ပြုံးလိုက်မိပြီး ကိုယ့်လည်ပင်းရဲ့ဘယ်ဘက်ခြမ်းမှာ မျက်နှာအပ်ရင်းအိပ်ပျော်နေသောသူရဲ့ ဆံနွယ်စလေးတွေအား လက်ဖြင့်ထိုးဖွနေမိပါတော့သည်...။

အတန်ကြာလေတော့ နိုးလာပုံရသည့် CEO...။ သို့သော် မထသေးပဲ ကိုယ့်လည်ပင်းပေါ် သူ့နှုတ်ခမ်းပါးဟာ ထပ်ပြီးအလည်ရောက်လို့လာပြန်သည်...။ ဒီတစ်ခါတော့ပွတ်သပ်ရုံနဲ့မပြီး၊ ညက သူပေးထားတဲ့ လည်ပင်းရှိအနီကွက်တွေကို လျှာနှင့်တစ်ဖန်စုပ်ယူလို့လာသည်...။ စုပ်ယူတာနဲ့အားမရလို့ သွားနဲ့ပါ ကိုက်ချလာလေတော့...

Oh My Dear (Completed)Donde viven las historias. Descúbrelo ahora