#Unicode
"နာမည်တွေကိုတော့ Form မှာအကုန်သိပြီးသားပါ။ ရှေ့လျှောက်လည်း Company အတွက်အတူတူကြိုးစားပေးမယ်လို့မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို CEO ဆိုပြီးတော့ အရမ်းကြီးရှိန်နေစရာလည်းမလိုပါဘူး။ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ပါတယ်..."
သူ့အရှေ့မှာရပ်နေတာက လူသုံးယောက်ဆိုပေမယ့် စကားပြောနေရင်းကြည့်နေတာကတော့ ကိုယ်တစ်ယောက်တည်းဆီကိုသာ...။ အထူးသဖြင့် 'ရင်းရင်းနှီးနှီး' ဆိုတဲ့စကားလုံးမှာအသံကိုဖိပြောကာ ကိုယ့်ကိုကြည့်ရင်းပြုံးလိုက်တဲ့အပြုံး...။
တစ်ဆက်တည်း ဟိုတစ်နေ့ညက သူနဲ့ကိုယ် ဘယ်အတိုင်းအတာအထိရင်းနှီးခဲ့တယ်ဆိုတဲ့အတွေးတွေက ခေါင်းထဲဝင်လာပြန်ရာ ဒူးတွေတောင်တုန်ချင်သလိုလိုပါပင်...။ ငါ့ကို ဒီလိုရှက်စရာကောင်းတဲ့အခြေအနေကြီးထဲကနေ ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား...။
"ဒါဆို အလုပ်ခွင်ဆီပြန်သွားနိုင်ပါပြီ။ ဝန်ထမ်းသစ်တွေကို လူချင်းမတွေ့ဖူးတော့ တွေ့ချင်ရုံသက်သက်ခေါ်လိုက်တာပါ။ အလုပ်ကြိုးစားပေးကြပါဦး..."
"ဟုတ်ကဲ့ပါ..."
နောက်ဆုံးတော့ သူနဲ့ဝေးရာသွားနိုင်ပြီဆိုပြီး ခွေယိုင်ချင်နေတဲ့ခြေထောက်တွေကိုမနည်းအားပြုရင်း မပြေးရုံတမယ် ဒီအခန်းထဲကထွက်သွားဖို့ကြိုးပမ်းလိုက်ပေမယ့်....
"ကင်ထယ်ယောင်းရှီ...?"
သူ့နှုတ်မှထွက်လာတဲ့ ကိုယ့်နာမည်ကြောင့် ကိုယ်သာမက အပြင်ထွက်ဖို့ပြင်နေတဲ့ဝန်ထမ်းသစ်နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေပါရပ်တန့်သွားသည်။
"ထယ်ယောင်းရှီနဲ့ နှစ်ယောက်တည်းပြောစရာစကားလေးရှိလို့ပါ။ အခြားသူတွေကသွားလို့ရပါပြီ..."
ရုတ်တရက်ကြီးပြောလာတဲ့ သူ့စကားကြောင့် ဝန်ထမ်းသစ်နှစ်ယောက်မှာ ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်အရိုအသေပြုပြီးထွက်သွားကြလေ၏။ အတွင်းရေးမှူးလည်း ထိုနည်းလည်းကောင်း...။
အခန်းထဲမှာနှစ်ယောက်တည်းကျန်ခဲ့တဲ့အခါမှာတော့ ဘယ်သူ့ဘက်ကမှ စကားစခြင်းမရှိဘဲ တိတ်ဆိတ်နေကြတော့သည်။ ထိုအခြေအနေမှာတော့ ထယ်ယောင်း ကိုယ့်ကိုကိုယ်သာထုရိုက်ချင်နေမိတော့၏။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ သူနဲ့ကိုယ်ဟာ နောက်ထပ် ထပ်တွေ့ရတော့မှာမဟုတ်ပါဘူးဆိုပြီး တထစ်ချယုံကြည်နေခဲ့တဲ့စိတ်တွေ၊ အခုတော့ သူက ကိုယ့်အရှေ့မှာအကောင်လိုက်ကြီး...! ဒီလို သောက်ချီး....။