Episode-20

14.2K 1K 237
                                    

#Unicode

ဂျွန် စီစဉ်ထားတဲ့အတိုင်းပင် တစ်ပတ်အတွင်းနှစ်ဖက်မိဘတွေ့ဆုံပွဲပြုလုပ်ခဲ့သည်...။ အောင်အောင်မြင်မြင်ပြီးသွားတဲ့ တွေ့ဆုံပွဲနောက် နောက်တစ်နေ့မှာပဲ ကိုယ်နဲ့ဂျွန် စေ့စပ်ကြောင်းလမ်းပြီးကြောင်း ဂျွန်က ကြေညာလိုက်တော့သည်...။ အခုဆို ရှယ်ယာရှင်တွေက ဝန်ထမ်းတွေနှင့် တစ်ရုံးလုံး အပြင် စီးပွားရေးလောကရှိ လူတွေအကုန်လုံးပါကိုယ်တို့နှစ်ယောက်ရဲ့သတင်းကို မသိတဲ့သူမရှိတော့...။

"ထယ်လေး ဒီ ဝတ်စုံလေး ထယ်လေးနဲ့လိုက်မယ်နော်။ ပန်းပွင့်လေးတွေပါတော့ နုနုဖတ်ဖတ်လေးနဲ့..."

တစ်လအတွင်း လက်ထပ်ပွဲလုပ်မယ်ဆိုတဲ့ ဂျွန့်ရဲ့ တစ်ချက်လွတ်အမိန့်နောက် မင်္ဂလာပွဲအတွက်စီစဉ်စရာရှိတဲ့ကိစ္စတွေဟာ အချိန်တိုလေးအတွင်း တစ်ခုပြီးတစ်ခုရောက်လာတော့သည်...။ အခုလည်း မင်္ဂလာဆောင်ဝတ်စုံအတွက် ဆိုင်မှာ ဒီဇိုင်နာနဲ့ဆွေးနွေးနေခြင်း...။ ဂျွန့်အမေက ဘေးက‌နေ အကြံဉာဏ်လေးတွေပေးနေပေမယ့် ဘေးမှာထိုင်နေသည့် ဂျွန်ကတော့ အခုထိဘာမှဝင်မပြောသေးပေ...။

"အဲဒီ့ဝတ်စုံလေးက တော်တော်လူကြိုက်များတဲ့ ဒီဇိုင်းလေးပါ။ ရင်ဘတ်လေးက V ပုံစံ နည်းနည်းဟိုက်မယ်ပေါ့ ၊ ပြီးတော့လက်နဲ့ခြေထောက်မှာလည်း ပန်းပွင့်‌အလွှာလေးတွေထည့်ထားတော့ ဒီက ထယ်ယောင်းရှီနဲ့ဆို လိုက်ဖက်မှာသေချာတယ်..."

ဂျွန့်အမေပြတဲ့ ဝတ်စုံလေးအားကြည့်နေတုန်း ဒီဇိုင်နာက ဝတ်စုံအကြောင်းရှင်းပြလို့လာသည်...။ ဒါလေးပဲဝတ်ရင်ကောင်းမလား စ‌ဉ်းစားနေတုန်းမှာပင်....

"မကြိုက်ဘူး...!"

ထိုအသံထွက်လာတာက ဘေးမှာလက်ပိုက်လျက်ထိုင်နေသော ဂျွန့်ဆီကဖြစ်သည်...။

"ရင်ဘတ်ကြီးက ဟိုက်လွန်းတယ်...! ပန်းပွင့်အလွှာလေးတွေ ဘာတွေလည်းမကြိုက်ဘူး...!"

ဝင်ပြောသော ဂျွန့်ကြောင့် ကိုယ်ရော ဂျွန့်အမေပါ ကြောင်အအဖြစ်သွားပေမယ့် ဂျွန်ကတော့ ဘာကိုမှဂရုမစိုက်ဟန် ရုပ်တည်တည်ဖြင့်သာ...။ ထိုအခါ အရှေ့မှာထိုင်နေသည့် ဒီဇိုင်နာ အစ်မမှ...

Oh My Dear (Completed)Where stories live. Discover now