Episode-3

20.6K 1.5K 349
                                    


#Unicode

ထယ်ယောင်းအလုပ်ဆင်းတာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီဖြစ်သည်...။ ဒီတစ်ပတ်အတွင်းအခြေအနေက ဘယ်လိုလဲဆိုတော့... အင်း... ကောင်းပါတယ်။ ဂျွန်ဂျောင်ကုကြီးနဲ့ ပက်ပင်းတိုးရင် ခုံအောက်တွေ စားပွဲအောက်တွေဝင်ပုန်းရတာတို့၊ မပုန်းနိုင်တော့ရင် ကိုယ့်ကိုလှမ်းမတွေ့အောင် မျက်နှာကိုဖိုင်တွဲကြီးနဲ့ကာပြီး သွားရတာတို့၊ ရှိတဲ့ ၁၂ ထပ်လုံးပတ်ပြေးနေရတာတို့ကလွဲရင်ပေါ့...။

အခုတောင် ရုံးအရှေ့မှာလှမ်းတွေ့လိုက်လို့ လုံခြုံရေးဦးလေးကြီးအနောက် ဝင်ပုန်းခဲ့ရသေးသည်...။ တော်သေး၊ လုံခြုံရေးဦးလေးကြီးက ဗိုက်ရွှဲရွှဲ ခပ်ဝဝ မို့လို့ပေါ့...။ ရည်းစားနဲ့ပြတ်ပြီးလို့ အသည်းကွဲဖို့အချိန်တောင်မရှိ သူ့ဆီကနေပတ်ပြေးနေရတာနဲ့ပဲ အချိန်ကုန်နေရတဲ့ ကင်ထယ်ယောင်းရဲ့ ဘဝကလွယ်မနေဘူး...။

"ဖြည်းဖြည်းလာပါ ထယ်ယောင်းရယ်...။ မင်းအနောက်က ကျားလိုက်လာလို့လား...?"

မဆုံမိအောင် အပြေးတစ်ပိုင်းလာခဲ့လေတော့ ဟောဟဲစိုက်နေသည့်ကိုယ့်ကိုကြည့်ပြီး အဖွဲ့မှူးကပြောလာသည်...။ ကျားမဟုတ်ပဲ ကျားထက်ဆိုးတဲ့ ဂျွန်ဂျောင်ကုကြီးမို့ ဆိုတာကိုတော့ ပြောလို့မရလို့မပြောဖြစ်တော့ပေ...။

"မဟုတ်ပါဘူး ဟျောန်းရဲ့ ပြေးလာလိုက်တော့ ကိုယ်လက်လှုပ်ရှားမှုဖြစ်တာပေါ့။ ကျန်းမာရေးအတွက်ကောင်းတယ်လေ..."

ထိုအခါမှ အဖွဲ့မှူးက မျက်စောင်းတစ်ချက်ထိုးပြီး သူ့အလုပ်သူဆက်လုပ်နေလေ၏။ ဂျီမင်းပြောတာမှန်တယ်၊ အဖွဲ့မှူးက တအားဇီဇာကြောင်ပြီး တအားလက်ပေါက်ကပ်တာပဲ။ ဒါနဲ့ ဂျီမင်းဆိုလို့ ကိုယ့်ဘေးရှိစားပွဲကလွတ်နေတဲ့ပုံအရ ဒီကောင် ဒီနေ့လည်းအလုပ်နောက်ကျပြန်ပြီထင်တယ်...။ အေးလေ သူအလုပ်နောက်မကျတဲ့နေ့ရောရှိသေးလို့လား...။

ခေါင်းကိုသာ အသာခါလိုက်ရင်း ကိုယ့်အလုပ်စားပွဲမှာဝင်ထိုင်ကာ ဖိုင်တွေကိုထုတ်‌နေစဉ်မှာပင် အရင်လို ပြာယာခတ်စွာရောက်လာတဲ့ပက်ဂျီမင်းကိုမဟုတ်ပဲ ပြုံးပြုံးကြီးနဲ့ရောက်ချလာတဲ့ ပက်ဂျီမင်းကို မြင်လိုက်ရတော့သည်...။

Oh My Dear (Completed)Donde viven las historias. Descúbrelo ahora