#Unicode
"ဂျွန်ရေ... ဂျွန်လို့...!"
အလုပ်လုပ်နေတဲ့ ဂျွန့်အတွက် ဖျော်လာသည့်ကော်ဖီလေးတစ်ခွက်အသံကိုစားပွဲပေါ်တင်ကာ အသံကိုတတ်နိုင်သမျှပစ်ချွဲလျက် ခေါ်လိုက်ပေမယ့် ဂျွန်ကတော့ ကိုယ့်ဆီအကြည့်တစ်ချက်လေးတောင်လွှဲမလာတဲ့အပြင် အရှေ့ရှိ laptop ဆီကိုသာ အာရုံစိုက်မှုတွေအပြည့်ပေးလျက်ရှိသည်...။
ရုံးကပြန်လာကတည်းက စိတ်ကောက်နေတဲ့ CEO ကြီးအား ထယ်ယောင်းအနောက်ကနေတကောက်ကောက်လိုက်ပြီးချော့နေရတာ အခုဆို ညဘက်တောင်ရောက်နေပြီ၊ CEO ကြီးကတော့ အခုထိစိတ်ကောက်မပြေသေး...။
ရေချိုးပြီးလို့ ဝတ်ရမယ့်အဝတ်အစားတွေထုတ်ပေးတာကို အဝတ်အစားတွေသာယူဝတ်သွားသည်၊ စကားတစ်ခွန်းမှပြန်မပြော။ ထမင်းစားဝိုင်းမှာလဲ ကိုယ်ကသာ ဘေးကနေ ဘာစားချင်လဲ၊ ဟိုဟာလေးကောင်းတယ်၊ ဒီဟာလေးကောင်းတယ်နဲ့ စကားစလိုက်ရှာရင်းပြောပေမယ့် သူကတော့ တိတ်ဆိတ်လို့...။ ထမင်းစားပြီး အခု ဧည့်ခန်းဆိုဖာမှာထိုင်နေရင်း အလုပ်လုပ်နေတဲ့အထိပေါ့...။
ဒီ CEO ကြီး ဒီလောက်တောင်စိတ်ကောက်တတ်မှန်းအခုမှပဲသေချာသိရတော့သည်...။ စိတ်မရှည်တော့ပဲ သက်ပြင်းတစ်ချက်ချကာ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး စားပွဲပေါ်ရှိ laptop အား ခန္ဓာကိုယ်ကိုင်းလျက်ကြည့်နေသော ဂျွန့်ပေါင်ပေါ် မျက်နှာချင်းဆိုင်တက်ထိုင်လိုက်သည်...။
ရုတ်တရက်မို့ တစ်ချက်အံ့ဩသွားပေမယ့် ချက်ချင်းပဲမျက်နှာပြန်တည်ပြီး ကိုယ့်အနောက်က laptop ကိုသာ ကြည့်ဖို့ပြင်နေတဲ့ ဂျွန့်ကြောင့်...
"ဂျွန်...! laptop ကိုမကြည့်ပဲ ဒီကိုကြည့်...!"
ကိုယ့်ဆီအကြည့်မရောက်လာတဲ့ မျက်နှာကြီးအား ပါးနှစ်ဖက်ကနေကိုင်ကာ ကိုယ့်အရှေ့တည့်တည့်ရောက်အောင်လှည့်လိုက်တော့ စိတ်ကောက်မပြေသေးသည့်အရိပ်အယောင်တွေပြည့်နေသော အကြည့်တွေနဲ့ကြည့်လို့လာသည်...။
*ပြွတ်*
ပါးလေးနှစ်ဖက်အားကိုင်ပြီး ဂျွန့်နှုတ်ခမ်းအောက်မှာရှိနေသည့်မှည့်နက်ကလေးအား ပြွတ်ခနဲမြည်အောင်နမ်းလိုက်ခြင်းပင်...။ ချော့စရာနည်းလမ်းတွေလည်းကုန်နေပြီမို့ နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ရခြင်းပင်...။ သို့သော် ကိုယ့်အားပြန်မနမ်းတဲ့အပြင် ဘာတုံ့ပြန်မှုမှမပြသည့် ဂျွန်...။
![](https://img.wattpad.com/cover/318458955-288-k963248.jpg)