Episode-6

20.8K 1.5K 351
                                        


#Unicode

"ဒီနေ့ ရုံးကိုဥက္ကဌကြီးလာမယ်တဲ့ သိပြီးပြီလား...?"

အလုပ်လုပ်နေရင်းနဲ့မှ ကိုယ့်ခုံနားတိုးကပ်လာပြီး ဂျီမင်းကခပ်တိုးတိုးပြောလာခြင်းဖြစ်သည်...။

"ဟုတ်လား ဘာလို့လဲ...?"

"ဒီနေ့ ရုံးမှာရှယ်ယာရှင်အစည်းအဝေးရှိတယ်လေ။ ဥက္ကဌကြီးက Company ကိုမအုပ်ချုပ်တော့ပေမယ့် ရှယ်ယာရှင်အစည်းအဝေးကိုတော့ ပုံမှန်တက်လေ့ရှိတယ်..."

"အော်... ကြောက်စရာကောင်းလား ဥက္ကဌကြီးက..."

"ငါလဲ သေချာမတွေ့ဖူးလို့မသိပေမယ့် အဖွဲ့မှူးပြောပြတာကတော့ ဥက္ကဌကြီးကအဲ့လောက် ကြောက်စရာမကောင်းပါဘူးတဲ့။ ဖော်ရွေတတ်ပါတယ်တဲ့။ ငါတို့ရဲ့ CEO ကမှ ရုပ်တည်ကြီးနဲ့သီးသီးသန့်သန့်နေတတ်တာတဲ့...!"

ဂျီမင်းပြောစကားကြောင့် ကိုယ်မျက်မှောင်ကျုံ့လိုက်မိသည်...။ ကိုယ်နဲ့တွေ့တိုင်းတော့ CEO က အမြဲပြုံးနေတတ်တာကို...။ တစ်ခါတလေဆို ပါးချိုင့်ရေးရေးလေးတွေပေါ်တဲ့အထိ ရယ်ပါရယ်တတ်သေးတာ...။ CEO က ဘယ်နားမှာရုပ်တည်တည်ကြီးနဲ့နေတတ်လို့လဲ...။

"ဟိုမှာ ဟိုမှာ ဥက္ကဌကြီးလာပြီ...!"

ထိုအချိန်မှာပင် ဓာတ်လှေကားထဲကနေထွက်လာတဲ့ ဥက္ကဌကြီးကြောင့် အတွေးစတို့ကိုဖြတ်ပြီး အဖွဲ့သားတွေနဲ့အတူ နေရာမှထကာ အရိုအသေပြုနှုတ်ဆက်လိုက်၏...။ ဥက္ကဌကြီးကတော့ အပြုံးတစ်ချက်နဲ့အတူ လက်ကာပြကာ အသိအမှတ်ပြုသွားပြီး CEO ရုံးခန်းထဲဝင်သွားလေ၏...။

ဥက္ကဌကြီးအခန်းထဲရောက်တာနဲ့ လိုက်ကာစတွေကိုပိတ်လိုက်သည်မို့ ထယ်ယောင်းလဲဆက်ကြည့်မနေတော့ပဲ ထိုင်ခုံမှာပြန်ထိုင်ရင်း ကိုယ့်အလုပ်ကိုယ်သာအာရုံပြန်စိုက်လိုက်တော့သည်...။

အမည်းရောင်လိုက်ကာစတွေနဲ့ ကာရံထားသည့် CEO ရုံးခန်းထဲမှာတော့...

"အစည်းအဝေးခန်းဆီတန်းလာမယ်ထင်တာ၊ ရုံးခန်းထဲဝင်လာတယ်ဆိုတော့ ဘာကိစ္စများရှိလို့ပါလဲ ဥက္ကဌကြီးဂျွန်..."

ရုံးခန်းထဲမှာထိုင်ရင်း စာရင်းတွေကြည့်နေတုန်း အဖေက အခန်းထဲဝင်လာသည့်အတွက် ဂျောင်ကု ရွှတ်နောက်နောက်ဖြင့်မေးလိုက်ခြင်းဖြစ်သည်...။

Oh My Dear (Completed)Where stories live. Discover now