#Unicode
လက်ထပ်ပြီး Honeymoon တွေဘာတွေထွက်မနေတော့ပဲ ရထားတဲ့အလုပ်အားရက်လေးကို ဂျွန်က အိမ်မှာပဲနေကြရအောင်ဆိုလို့ နှစ်ယောက်သားအိမ်မှာပဲနေဖြစ်ကြသည်...။ အလုပ်အားရက်ဆိုတာ ဂျွန့်ကိုပဲရည်ညွှန်းတာဖြစ်ပါသည်...။ ကိုယ်ကတော့ ဂျွန်နဲ့လက်ထပ်ခါနီးတည်းက ရုံးမှာအလုပ်မလုပ်တော့ပေ...။ ရှုခင်းဓာတ်ပုံတွေဘာတွေရိုက်ရတာဝါသနာပါသူမို့ အပျော်တမ်းဓာတ်ပုံလိုက်ရိုက်ပြီး ပြိုင်ပွဲလေးတွေလိုက်ပြိုင်မယ်လို့စိတ်ကူးထားသည်...။
Honeymoon မထွက်တာလည်း တစ်မျိုးတော့ကောင်းပါသည်...။ အိမ်မှာနေရင်း နှစ်ယောက်အတူတူ တီဗီကြည့်လိုက်၊ စားချင်တာလေးတွေ အတူတူချက်စားလိုက်ဖြင့် အချိန်ကုန်ဖြစ်ကြသည်...။
သို့ပေမယ့် ရထားတဲ့အားလပ်ရက်လေးတောင် ကုန်အောင်မသုံးလိုက်ရပါ။ လက်ထပ်ပြီးသုံးရက်မြောက်နေ့မှာပင် New York ရှိ Company ရုံးခွဲမှာ ပြဿနာတစ်ခုတက်နေတယ်ဆိုတဲ့သတင်း ဂျွန့်ဆီရောက်လို့လာခြင်းကြောင့်ဖြစ်သည်...။
"ကိုယ်တကယ်မသွားချင်ဘူးကွာ...!"
ဂျွန်ကိုယ်တိုင်သွားဖို့လိုတဲ့ပြဿနာမို့ ဂျွန့်အတွက် luggage ပြင်ပေးနေတုန်း ကိုယ့်ကိုအနောက်ကနေခါးကိုဖက်ထားလျက် ချွဲနေသည့် ဂျွန်...။ New York ကိုသွားရမယ်လို့ကြားရပြီးကတည်းက မသွားချင်ဘူးဆိုပြီး ကိုယ့်ကို အခုလိုချွဲနေတော့တာပင်...။ အိမ်ထဲ ဘယ်သွားသွား ဘာလုပ်လုပ် အနောက်ကနေ ခါးကိုဖက်လျက် တကောက်ကောက်နဲ့လိုက်နေခြင်း....။
"မသွားလို့မှမရတာ ဂျွန်ရဲ့၊ ကျွန်တော်လည်း ဂျွန်နဲ့ တစ်ပတ်ကြီးတောင် ဘယ်ခွဲချင်ပါ့မလဲ...?"
ကိုယ့်ပုခုံးပေါ်တင်ထားသည့် ဂျွန့်ခေါင်းလေးအား ပွတ်ရင်းပြောလိုက်လေတော့ ဂျွန်က သက်ပြင်းချလို့လာသည်...။ ဟိုရောက်ရင် ဂျွန် အလုပ်တွေရှုပ်နေမှာကတစ်ကြောင်း၊ ဒီမှာလည်း ကျန်ခဲ့တဲ့အတွင်းရေးမှူးကို Company အလုပ်တွေကူလုပ်ပေးရမှာက တစ်ကြောင်းကြောင့် ဂျွန့်အနောက်လိုက်မသွားခြင်းပင်...။
မဟုတ်ရင် လက်ထပ်ပြီးတာ သုံးရက်ပဲရှိသေးတာကို၊ အလုပ်ခရီးထွက်ရမယ့် ကိုယ့်ယောက်ျားနောက် ဘယ်သူကမလိုက်ချင်ပဲနေပါ့မလဲ...။
