#Unicode
"မင်းအပြစ်ပေးတာလည်း ပျော့လိုက်တာကွာ...! တစ်ညလေး အခန်းထဲပေးမအိပ်တာက မှတ်လောက်သားလောက်ဖြစ်စေတဲ့ပညာပေးနည်းမဟုတ်ဘူးကွ...!"
ခဏနေပဲ မင်္ဂလာခန်းမထဲဝင်ရတော့မှာဖြစ်ပေမယ့် ထယ်ယောင်းမှာ နားနေခန်းထဲထိုင်ပြီး ဂျီမင်းရဲ့မှာတမ်းခြွေစကားတွေကိုနားထောင်နေရသည်...။ သတို့သားဝတ်စုံဝတ်ပြီးနောက် ပြင်ဆင်နေတုန်းမှာပင် အခန်းထဲရောက်ချလာတဲ့ ဂျီမင်းက 'မနေ့ညကဘယ်လိုဖြစ်သွားလဲ' ဆိုတဲ့စကား မေးလာ၍ ပြန်ပြောပြလိုက်တဲ့အခါ 'မင်းအပြစ်ပေးတာက ပျော့လိုက်တာ' ဆိုပြီး အပြစ်ပေးသံထွက်လာတော့သည်...။
"မင်းကလည်း... သူတို့က ဖောက်ပြန်နေကြတာမှမဟုတ်တာ...။ ဒီအတိုင်းအပျော်သက်သက်လေ။ ပြီးတော့ အဲ့မိန်းကလေးတွေကိုသူတို့ခေါ်တာလည်းမဟုတ်ဘူး၊ ဂျွန့်သူငယ်ချင်းတွေခေါ်တာလေ။ မင်းပို့လိုက်တဲ့ ပုံထဲမှာလည်း သူတို့ဘာသာသူတို့နေနေကြတာပဲလေ..."
"အေး မင်းအခုခွင့်လွှတ်လိုက်လို့တော်ကြာ ဒီ့ထပ်ဆိုးလာရင်ဘယ်လိုလုပ်မလဲ...? အပြစ်လုပ်ထားတာက လုပ်ထားတာပဲကွ...! ကြီးတယ် သေးတယ် မရှိဘူး...!"
"ဒါဆို မင်းကရော...? ယွန်ဂီဟျောန်းကို ဘယ်လိုအပြစ်ပေးတုန်း...?"
လူကိုဆရာကြီးလာလုပ်နေသော ဂျီမင်းအား ပြန်မေးလိုက်လေတော့ ကိုယ်တော်ချောက လက်ပိုက်လို့လာပြီး...
"ငါ သူ့ကိုအခုထိစကားမပြောသေးဘူး..."
"တကယ်လား...?"
"အင်း..."
"စောစောကတွေ့လိုက်တုန်းက ယွန်ဂီဟျောန်း ဘာလို့များ မင်းမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်နေသလဲမှတ်တယ်...၊ ဒါကြောင့်ကိုး...!"
"ဟုတ်တယ်...! အမြင်ကပ်လို့ အခုထိစကားမပြောသေးတာ...!"
ကလေးဆန်နေသော ဂျီမင်းကိုကြည့်ရင်း ကိုယ်ခေါင်းသာခါလိုက်မိပါတော့သည်...။
*ဒေါက် ဒေါက်*
ထိုအချိန်ကြားလိုက်ရတဲ့ တံခါးခေါက်သံနဲ့အတူ အခန်းထဲဝင်လာသည့် ဂျွန်...။
"ဘာတွေပြောနေကြတာလဲ သူငယ်ချင်းနှစ်ယောက်...၊ ပွဲကစတော့မှာ..."
