Episode-4

22.4K 1.6K 285
                                        

#Unicode

*တီ*

ကားထဲကနေ remote နဲ့နှိပ်လိုက်သောအခါ သူ့အလိုလိုပွင့်သွားတဲ့ ခြံတံခါး...။ ခြံထဲသို့ ကားကိုကွေ့‌ဝင်လိုက်ရင်း ဂျောင်ကု နှုတ်ခမ်းပါးတွေဟာ အပြုံးတွေချိတ်ဆွဲလျက်...။ ကိုယ်ပြောခဲ့တဲ့စကားတွေကြောင့် ကားဘက်မှန်ကနေမြင်နေရသည့်မျက်နှာလေးဟာ နီရဲပြီးကျန်ခဲ့တာကို တွေးလိုက်တိုင်း မပြုံးပဲကိုမနေနိုင်တော့တာပင်...။

ကိုယ့်ကိုတွေ့တိုင်း တစ်ချိုးတည်းလှည့်ပြေးတတ်တဲ့ အူကြောင်ကြောင်အမူအရာလေးတွေ၊ မထိတထိစကားတွေပြောလိုက်တိုင်း အရှက်သည်းပြီးခေါင်းငုံ့သွားတတ်တဲ့အမူအကျင့်လေးတွေ၊ နီရဲတက်လာတတ်တဲ့ ပါးလေးတွေ။ ဒီကောင်လေးဆီမှာ အူယားစရာအကျင့်လေးတွေအပြည့်...။ ဒါကြောင့်လည်း ဒီကောင်လေးကိုတွေ့ရင် မစရမနေနိုင်ဖြစ်နေတာ...။

*ကျွီ*

အိမ်ရှေ့ကားကိုရပ်လိုက်ပြီး ကားပေါ်ကဆင်းကာ လေလေးတစ်ချွန်ချွန်ဖြင့် ကားသော့လေးကိုလက်နဲ့ဆော့လျက်ဝေ့ယမ်းရင်း အိမ်ထဲဝင်လာလိုက်သည်...။ သို့ပေမယ့် ဧည့်ခန်းထဲဝင်လိုက်တာနဲ့ ရုပ်တည်ကြီးနဲ့ထီးထီးကြီးထိုင်နေသော အဖေ့အားတွေ့လိုက်ရလေသည်...။

"အား... လန့်သွားတာပဲ...!"

ရုတ်တရက်မို့ လန့်သွားတဲ့ရင်အစုံကိုအသာဖိရင်းပြောလိုက်လေတော့ အဖေက မျက်စောင်းထိုးကြည့်လာပြီး...

"လန့်ရအောင် ငါက သရဲမို့လို့လား...!? မင်းအဖေ! မင်းအဖေ!"

"ရုတ်တရက်မို့လို့ပါ အဖေကလည်း! အဖေထိုင်နေတဲ့ပုံကိုလည်းကြည့်ဦးလေ...!"

CEO ဖြစ်ကတည်းက အဖေတို့အမေတို့နဲ့အတူမနေတော့ပဲ တစ်ယောက်တည်းခွဲနေတာ တော်တော်ကြာနေပြီဖြစ်သည်။ ဒါကြောင့်အိမ်လာမယ်ဆို ကြိုအကြောင်းကြားပါလို့ပြောပေမယ့် ကိုယ့်သားအိမ်ဆီကိုယ်လာတာ ဘာအကြောင်းကြားစရာလိုလို့လဲဆိုတဲ့ အဖေ့စကားကြောင့် ကိုယ်လဲဘာမှထပ်မပြောဖြစ်တော့...။ အဖေနဲ့ကိုယ်နဲ့က သူငယ်ချင်းပေါင်းပေါင်းတာမို့ တွေ့တာနဲ့ စကားနိုင်လုတာကများသည်...။

"အမေရောပါလား...?"

အဖေ့ရှေ့ဝင်ထိုင်လျက်မေးလိုက်လေတော့ အဖေက မီးဖိုချောင်ဘက်မေးငေါ့ပြပြီး...

Oh My Dear (Completed)Onde histórias criam vida. Descubra agora