#Unicode
"ကျွန်တော် ဒီနေ့ မိသားစုမိတ်ဆုံစားပွဲလေးရှိနေလို့ပါ CEO...။ နေ့တစ်ဝက်ခွင့်ယူပါရစေ..."
"ရပါတယ်၊ ဒီနေ့ အလုပ်လည်းသိပ်မှမရှိတာ။ အခုလက်ရှိအလုပ်တွေလက်စသတ်ပြီးရင် ရုံးဆင်းလိုက်လေ... အတွင်းရေးမှူးယူ..."
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် CEO..."
CEO ရုံးခန်းရဲ့တံခါးအား မခေါက်ပဲဒီအတိုင်းဖွင့်ဝင်လာလိုက်တော့ အထဲမှာ CEO နဲ့ အတွင်းရေးမှူးယူက စကားပြောနေကြလေ၏...။ အသံမပေးပဲဝင်သွားလိုက်ရင် မကောင်းသည်မို့ ဖွင့်ပြီးသား တံခါးလေးကိုသာ နှစ်ချက်လောက်ဆင့်ခေါက်လိုက်ပြီး...
"တောင်းပန်ပါတယ်... ကျွန်တော်ဝင်လာလို့အနှောင့်အယှက်များဖြစ်သွားမလားမသိဘူး..."
အထဲသို့လျှောက်မသွားပဲ အခန်းဝမှာသာရပ်နေရင်းဆိုလိုက်လေတော့ အတွင်းရေးမှူးယူက...
"အော်... ထယ်ယောင်းလေးပဲ။ ရတယ် ရတယ်၊ အစ်ကိုကလည်းအခုပဲအခန်းထဲကထွက်တော့မလို့။ ဝင်လာခဲ့လို့ရတယ်။ CEO... ကျွန်တော်သွားလိုက်ပါဦးမယ်..."
CEO ကိုနှုတ်ဆက်ပြီးတာနဲ့ ကပျာကယာထွက်သွားတဲ့ အတွင်းရေးမှူးယူက ကိုယ့်ကိုလည်းပြုံးပြသွားဖို့မမေ့...။ အတွင်းရေးမှူးယူထွက်သွားပြီဆိုမှ ကိုယ်လည်း အခန်းထဲဝင်သွားလိုက်သည်...။
"ဒီအတိုင်းဝင်လာလို့ရပါတယ်ဆို၊ ဘာလို့တံခါးခေါက်ပြီး အသံပေးတာလဲ...?"
လက်ထဲကဖိုင်တွဲကိုဖတ်နေရာမှ စားပွဲပေါ်ချပြီးပြောလာသော CEO...။
"အထဲမှာ အတွင်းရေးမှူးယူရှိနေတော့ ဒီအတိုင်းဝင်လာတာမကောင်းဘူးလေ...။ တော်ကြာ ကျွန်တော့်ကို ယဉ်ကျေးမှုမရှိဘူးဆိုပြီးထင်သွားမှာပေါ့..."
"အဟက်... အဲဒါအတွက်စိတ်ပူစရာမလိုပါဘူး။ ကိုယ်မင်းကိုကြိုက်နေတယ်ဆိုတာ အတွင်းရေးမှူးယူသိပြီးသား...."
"ဗျာ...? တကယ်ကြီး...?"
"ဟုတ်ပါတယ်ဆို..."
"CEO...! CEO ကျွန်တော့်ကိုကြိုက်နေတယ်ဆိုတဲ့အကြောင်း လူတွေအကုန်သိအောင်များလိုက်ကြေညာနေတာလားဟင်၊ ဟိုတစ်နေ့ကလည်း ဓာတ်လှေကားထဲမှာ အနှောင့်အသွားမလွတ်တဲ့စကားတွေပြောသွားတယ်။ CEO တမင်တကာများလုပ်နေတာလား...?"