1. (Uni)

5.3K 260 40
                                    

Build Jakapan Puttha ဟာ မွေးလာကတည်းက ဘဝမှာ ဂုဏ်ယူလောက်စရာတွေချည်းလုပ်ခဲ့တဲ့သူဖြစ်သည်။

မွေးတုန်းကလဲ ရုပ်ရည်ချောချောလေးမို့ မိဘတွေဂုဏ်ယူရသည်။

ကျောင်းတက်တော့လဲ တစ်နှစ်တစ်တန်း မှန်မှန်လေးအောင်ပြီး ပွတ်ကာသီကာ ဘွဲ့ရသွားလို့ မိဘတွေဂုဏ်ယူရသည်။

ကျောင်းပြီးတော့လည်း ဘာမှမလုပ်ပဲ မိဘတွေရှာသမျှပိုက်ဆံကို လှလှပပလေးထိုင်ဖြုန်းပေးလို့ ဂုဏ်ယူရသည်။

အဲ. . အသက် 28 နှစ် အထိ ရည်းစားမရှိတာလဲ ဂုဏ်ယူမယ်ဆိုရင် ယူချင်စရာကြီးပေါ့လေ။

ဒါပေမဲ့ အခု ဂုဏ်အယူရဆုံးဖြစ်မယ့် ကိစ္စမှာမှ ထီပေါက်ပြီးမှ ထီလတ်မှတ်ပျောက်သလိုဖြစ်နေရသည်။

သူ့ဘဝမှာ ငါဟာ ဒီဇိုင်နာဖြစ်ဖို့ မွေးဖွားလာပါလားလို့ ဉာဏ်အလင်းပွင့်ပြီး တကယ်လည်း သင်ယူလေ့လာဆည်းပူးကာ နယူးယော့ခ်က The Person's New School for Design မှာ ကျောင်းဝင်ခွင့်ရပြီးမှ အင်္ဂလိပ်စာ အမှတ်လိုသတဲ့လေ။ သူ့ ဖော့နဲ့ မယ့် ဟာ တနင်္ဂနွေ လက်ဖက်ရည်ဝိုင်းမှာ ကြွားရမှာလိုလို မကြွားရမှာလိုလိုနဲ့ ဆန့်တငင်ငင်ဖြစ်နေပြီ။

သူ့မယ့်ကတော့ ငယ်ငယ်က အင်္ဂလိပ်စာသင်တန်းတွေပို့ခဲ့ပါသေးရဲ့။ အဲ့ဒီတုန်းက သူက ပြောခဲ့တာ "Biu က ထိုင်းစာတစ်မျိုးနဲ့တောင် စကားများလှပြီ။ အင်္ဂလိပ်လိုပါ တတ်နေလို့ ဘာသာစကားနှစ်မျိုးနဲ့ပြောရင် မယ့်နားရွက်တွေအရည်ပျော်သွားမယ်"

ပျင်းရိခြင်း၏ အကျိုးကျေးဇူးတွေပေါ့။ အခုတော့ သူ့မှာ သုံးလအတွင်း IELTS 6 ရအောင်ဆိုတာ ခရူဘာဆီရိဝိချိုင်လဲ မကယ်နိုင်ဘူး။ ထာ့ထန်ကျိုင် လဲ မကယ်နိုင်ဘူး။

"ငါ့အတွက် အင်္ဂလိပ်စာ သင်တန်းစုံစမ်းပေးစမ်းပါ"

အကြံကုန် ဂဠုန်ဆားချက် Us ကိုပဲ အပူကပ်ရတော့သည်။ Us က ဘန်ကောက်မှာ ဂျင်ပေါ်ကထုံး။ ဘယ်နေရာမှာ အပ်ကျပြီး၊ ဘယ်နားလဲမှာ သေးခိုးပေါက်လို့ရတာကအစ သိသည့်သူ။

"မင်းအတွက်က သင်တန်းတက်လို့ မမှီတော့ဘူး။ ဆရာသီးသန့် တစ်ယောက်သာ ရှာလိုက်တော့"

Learning Bible 101Where stories live. Discover now