"အဲ့ဒီကောင်က Biu ကို ဘာလုပ်သွားသေးလဲ"
"ဒီတိုင်း ပါးစပ်နဲ့ပဲစကားများတာပါ"
Build က တစ်ဖက်လူကို ဇွပ်ဇွပ်ဇွပ်ဖို့ အဆင်သင့်ဖြစ်နေဟန်တူသည့် Bible ကိုချော့နေရသည်။ အိတ်ထဲလည်း ဓားဆောင်ထားတတ်သည့်သူဆိုတော့ စိတ်တိုလျှင် လည်ပင်းဓားနဲ့ထောက်သည်ဆိုသည့် ကောလဟာလက မှန်လောက်သည်ဟု ကိုယ့်ဘာသာအတည်ပြုလိုက်ရတော့သည်။Bible က ဆိုင်လည်ကောင်မှာ ခါးထောက်ပြီးရပ်နေသည်။ သူ့ကြည့်ရတာ မောနေသည့် ပုံပေါက်တာမို့ Build က ရေတဗူးဖောက်ကာ သူ့ကို ကမ်းပေးလိုက်ရသည်။
"ပြေးလာခဲ့တာလား"Bible က ဘာမှမဖြေပဲ ခပ်ဖျော့ဖျော့သာပြုံးသည်။ Wait a minute . . . တကယ်ကြီး ပြေးလာတာတော့မဟုတ်ဘူးမလား။
ခုနက ချောင်မှာဝပ်နေသည့် Us က အခုမှ ရှေ့ထွက်လာပြီး"ဟိုလေ ဒီက N'Bible ဟုတ်။ P'Us ပါ Build သူငယ်ချင်း"
Bible က ဒီလိုကျ လက်အုပ်လေးချီပြီး ပြန်နှုတ်ဆက်ရှာသည်။ ဒါပေမဲ့ Bible က Us ကိုသေချာကြည့်နေတာကိုတော့ Build က သဘောမကျချင်တော့။ နှုတ်ဆက်တာလေ အဲ့လောက် ကြာကြာစိုက်ကြည့်စရာလိုလို့လား။
"N'Bible ကိုကလေ ရန်ဖြစ်ဖို့ခေါ်ခိုင်းလိုက်တာ မဟုတ်ဘူးရယ်။ မော်ဒယ်လုပ်ခိုင်းဖို့ခေါ်လိုက်တာ"
Bible တင်မက Build ပါ မျက်လုံးပြူးသွားသည်။ သူတို့ဆိုင်မှာ ရောင်းသည့် ဒီဇိုင်းတွေက Bible နှင့်လားလားမှမသက်ဆိုင်။ သူတို့ရဲ့ ကိုယ်ပိုင် Brand ဒီဇိုင်းကိုက Cute ဘက်သွားသည်မို့ Bible နှင့်က ရထားတစ်လမ်း သံတစ်လမ်း. . အဲလေ. . . ပြဒါးတစ်လမ်း သံတစ်လမ်းပင်။ ဒါပေမဲ့ "ဟုတ်တယ်မလား Build" ဟု Us က သေဖော်ညှိလာတော့ Build လဲ အူကြောင်ကြောင်နှင့် ခေါင်းငြိတ်လိုက်ရတော့သည်။
"Biu ငါ တစ်ခါမှ မော်ဒယ်မလုပ်ဖူးဘူး"
Bible က သူ့နားကပ်ပြီး တိုးတိုးလေးငြင်းပုံက ဆေးမသောက်ချင်သည့် ကလေးလေး အမေကို ကပ်ချွဲသလိုပင်။ ဒါပေမယ့် Us Nititorn Akkarachotsopon လက်က ဘယ်သူလွတ်ရိုးထုံးစံရှိလို့လဲ။ မကြာမီတင် Bible မှာ သူတို့ဆိုင်ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်း ပိတ်ဖောက်ဇာ ရှပ်အင်္ကျီဖားလားကြီးနှင့် ဘောင်းဘီဒူးကျကိုဝတ်ကာ မီးရောင်တွေရှေ့ ပန်းခြောက်တွေပိုက်ပြီး pose ပေးရသည့် ဘဝရောက်သွားတော့သည်။

YOU ARE READING
Learning Bible 101
ФанфикRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။