22. (Zawgyi)

777 33 4
                                    

ရည်းစားထားတာ မိဘတွေ မိသွားလျှင် မည်သို့ဖြေရှင်းရမည်နည်း?????

Build မှာ Google ခေါက်ပြီး နည်းလမ်းရှာချိန်တောင်မရလိုက် သူ့အဖေနှင့်အမေရှေ့မှာ ခိုးထုပ်ခိုးထည်နှင့် စင်းစင်းကြီးမိလေတော့သည်။

သူနှင့် Bible မှာ မိဘတွေရှေ့ ကြမ်းပြင်ပေါ် တူစုံယှဉ်တွဲလို့ ကျုံ့‌ကျုံ့လေးထိုင်နေကြကာ ဘာပြောလာမလဲ စောင့်နေကြရသည်မှာ ‌နည်းနည်းကြာလို့ခြေထောက်တောင် ကျဉ်လာပြီ။

"အဟမ်း"

သူ့အဖေဆီက ချောင်းဟန့်သံကြောင့် ‌စကားပြောတော့မလားလို့ မော့ကြည့်တော့ မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲသွားပြန်သည်။ သူ့အ‌မေ ကလဲ  ဘေးကို လှည့်ကာ ငူငူကြီးငေးနေသည်။

Build သည်းမခံနိုင်တော့ ပြောမှာဖြင့်ပြော။ ဆူမှာဖြင့် ဆူကြပါတော့။ ဒီလိုကြီးပဲ ထိုင်နေကြတာက မဟုတ်သေးဘူးလေ။

"ဖော့. . မယ့်. . . ဆူမှာဖြင့်လဲဆူ ရိုက်မှာဖြစ်လဲ ရိုက်ပေါ့။ ဒီလိုကြီးပဲ ထိုင်‌မနေကြနဲ့လေ"

သူ့အဖေနှင့် အမေက တစ်ယောက်ကို တစ်ယောက် မေးငေါ့ပြပြီး မင်းပြော ငါပြောဆိုသည့် သဘောနှင့် လွှဲချနေကြသေးသည်။

Bible က ရုတ်တရက်ကြီး ထပြီး
"လုံ နဲ့ ပါး က ရုတ်တရက်ကြီးမို့ စိတ်အခန့်မသင့်ဖြစ်သွားမယ်၊ အဆင်မပြေဖြစ်သွားမယ်ဆိုတာ သိပါတယ်။ ကျွန်တော်နဲ့ Build ကလဲ မျှော်လင့်မထားတော့ ဒီလိုမျိုးနဲ့ ကျွန်တော်တို့ နှစ်ယောက် ချစ်သူတွေဆိုတာ ပေးသိလိုက်ရတာလဲ တောင်းပန်ပါတယ်။ ဒါပေမဲ့ပေါ့လေ Build ကလဲ အသက်အရွယ်တစ်ခု ရပြီးသားသူမို့ ချစ်သူရည်းစားရှိတာ ဆူစရာရိုက်စရာရယ်လို့မမြင်ပါဘူး။ ဒီအရွယ်မှာ ချစ်သူရှိတာကတော့ သဘာဝပါပဲ။ အခုလို အဆင်မသင့် အမြင်မတော်တာ ဖြစ်သွားရတာအတွက်ကတော့ ကျွန်တော့်မှာ အပြစ်ရှိတာမို့ ကျွန်တော့်ကိုပဲပြောပါ"

Build က ရုတ်တရက်ကြီး ထလာပြီး ရှည်လျားထွေပြားစွာရှင်းပြနေသည့် Bible ကို ကြည့်ပြီး မျက်လုံးပြူးမိသည်။ Bible များဆေးစားမှားသွားတာလား။

"အိုအေ. . ဒီအရွယ် ရည်းစားထားတာ ဆူစရာလား။  နောက်တောင်ကျနေပြီ။"

Learning Bible 101Where stories live. Discover now