သူတို့ရဲ့ ပထမဆုံးစာသင်မည့်နေ့မှာ ကိုတိကျကြီး Bible Wichapas Sumettikul ဟာ ခြောက်နာရီထိုးဖို့ ၁၅ မိနစ်တိတိအလိုမှာ သူ့ကွန်ဒိုအောက်ကို စီးတော်ဆိုင်ကယ်ထိုးဆိုက်လာပါသည်။
ပထမဆုံးနေ့မို့ အခန်းရှာနေစရာမလိုအောင် Buildကအောက်ဆင်းစောင့်နေပေးတာမို့ ဆိုင်ကယ်အမိုက်စားကြီးကို ဝေါကနဲ စီးဝင်လာသည့် မြင်ကွင်းကိုလဲ မျက်မြင်သက်သေမြင်လိုက်ရသည်ပေါ့နော်။ သူ့အခန်းနီးချင်းတွေ မြင်လျှင်တော့ သူ့ဆီလာလည်တဲ့ ဘာလိုလို ညာလိုလို ကြွားချင်စရာလေးပါပဲ။ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်ပြီး နောက်ကြည့်မှန်ကို ကြည့်လို့ ဆံပင်ကို သပ်လိုက်သေးသည်။ ပြီးမှ ရပ်ကြည့်နေသည့် Build ကို မြင်ပြီး နည်းနည်း အိုးတိုးအမ်းတမ်းဖြစ်သွားသည်။
"ဆဝါဒီခ အဂျန်"
Build က စပ်ဖြဲဖြဲနှင့် လက်အုပ်ချီ နှုတ်ဆက်တော့ သူက မသဲမကွဲ ပြန်နှုတ်ဆက်ပြီး Build ဦးဆောင်ရာနောက်လိုက်လာသည်။ ဓာတ်လှေကားထဲ ယှဉ်ရပ်ကြတော့ သူ့အရပ်က Build ထက်နည်းနည်းရှည်နေသလိုတောင်ထင်ရသည်။ ပထမတွေ့တုန်းက သူက Build ထက် ယောင်ယောင်လေးပုပါတယ်ဆို ခိုးကြည့်လိုက်တော့ ဆရာသမားက Converse shoes ကို တစ်ထွာလောက်ရှိသည့် ခုံအထူနှင့် ဝတ်ထားသည်ပဲ။ Build မှာ သူ ခိုးကြည့်တာ မရိပ်မိအောင် ရယ်မချမိဖို့ မနည်းမျက်နှာပိုးသတ်ရသည်။Build အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူ့ကြောင်အဖြူလေး Eno က အဝါတစ်ဖက် အပြာတစ်ဖက် မျက်လုံးလေးကို မှေးစင်းကာ ညှောင်သံပေးပြီး ဧည့်သည် လူစိမ်းကို လာချောင်းတော့သည်။
Build အခန်းက အကျယ်ကြီးမဟုတ်။ studio apartment ပုံစံ ရေချိုးခန်းအိမ်သာ တွဲရက်ပါသည့် အခန်းတစ်ခန်းတည်းပုံစံဖြစ်သည်။ ဝင်လိုက်လျှင် ဝင်ဝင်ချင်း ဘယ်ဘက်မှာ ရေချိုးခန်းအိမ်သာရှိသည်။ ပြီးလျှင် နံရံကပ်မီးဖိုအသေးစား ဘေစင် နှင့် ဧည့်ခန်းနေရာ အသေးလေး။ ဒီဘက်မှာတော့ သူ့အိပ်ယာ နှင့် အဝတ်ဘီရို ရှိသည်။ အိပ်ယာ နှင့် ဝရံတာကိုတော့ နံရံအပြည့် မှန်တံခါးချပ်နှင့် ကာထားသည်။ အခန်းလေးက ဒီလောက်ပဲ ကျယ်ပေမဲ့ Aesthetic ဆန်ဆန် မီးအိမ်လေးတွေ၊ မှန်လေးတွေ၊ စင်ကလေးတွေနှင့် သပ်သပ်ရပ်ရပ်ပြင်ဆင်ထားပြီး ဝရံတာကနေကြည့်လျှင် ကျောက်ဖယားမြစ်၏မြင်ကွင်းကိုလှမ်းမြင်နေရသည်။ သူ့မိဘက ဒီ့ထက်ကျယ်သည့်အခန်းနှစ် ခန်းပါ ကွန်ဒို ဝယ်ဖို့ ပိုက်ဆံထုတ်ပေးပေမဲ့ဂုဏ်ယူဖွယ်ရာ သားအလိမ္မာလေး Build က အဲ့ဒီပိုက်ဆံကို Us နှင့် စပ်တူ ဖက်ရှင် စတူဒီယိုဖွင့်ဖို့ ရင်းချလိုက်တာပင်။
![](https://img.wattpad.com/cover/320145109-288-k235637.jpg)
YOU ARE READING
Learning Bible 101
FanficRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။