ဒီတခါကတော့ Build အတွက် ချစ်သူနှင့်အတူ တကယ်နိုးထရသောမနက်ဖြစ်လာပြီ ဖြစ်သည်။ စည်းကမ်းတင်းကြပ်ပြီး တစ်ရက်လေးမှ စာသင်မပျက်သည့် အဂျန် Bible က ဒီတစ်ခါတော့ သူ့ချစ်သူလေး လမ်းမလျှောက်နိုင်အောင် ဖင်နာနေသည်ကို အကြောင်းပြုလို့ မနက်အတန်းကို ဖျက်လိုက်သည်။ မလိမ်တတ်သည့် အဂျန် Bible ကတော့ ခွင့်ယူတာတောင် နေမကောင်းဘူး ဘာညာလိမ်မနေ။ သူဒီမနက်မလာနိုင်ဘူး ဟု တုံးတိပြောပြီး ဖုန်းချပစ်သည့်သူဖြစ်သည်။
ပြီးတော့ Bible က Build ကို သူ့ရင်ခွင်ထဲ ဆွဲထည့်ကာ ဖက်ထားပြီး ခေါင်းလေးနမ်းလိုက်၊ နဖူးလေးနမ်းလိုက်နှင့် မနေ့ညက Build ကို အူယားတယ်ဆိုပြီး အကွင်းထင်အောင် ကိုက်တတ်တာ သူမဟုတ်သည့်အတိုင်းပင်။ Build အိမ်ခန်းလေးက အခုလိုကျ တိတ်ဆိတ်လေးချမ်းလို့။ Eno တောင် နိုးလာပြီး အစာမတောင်းသေး။ သူလဲ ညက အိပ်ရေးပျက်သွားပုံရသည်။
"Bible ဗိုက်ဆာတယ်"
ချစ်သူ့ရင်ခွင်မှာ လူက တစ်သက်လုံးနေချင်ပေမဲ့ ဗိုက်ကမနေ။ မနေ့ညက အိပ်ထမတင် ဒိုက်ထိုး လေ့ကျင့်ခန်းတွေများတော့ စောစောစီးစီးပင် တဂွီဂွီမြည်လာသည်။
"အင်း"
Bible က Build ပါးကို နစ်ဝင်သွားအောင် နမ်းပြီးချက်ချင်းထသွားသည်။ Build က အိပ်ယာပေါ်က စောင်ပုံထဲ ဇိမ်ကျကျကွေးရင်း Bible တစ်ယောက် မီးဖိုကောင်တာမှာ အလုပ်များနေတာကို ကြည့်ပြီး ပြုံးမိသည်။ အိမ်နေရင်း ဘောင်းဘီတိုလေးသာ ဝတ်ထားပြီး အပေါ်ပိုင်းဗလာနှင့် မနက်စာပြင်ဆင်ပေးနေသည့် Build ၏ ချစ်သူသက်ထား ယောကျာ်းသားလေးက ဒီလိုမျိုး သာသာယာယာ မနက်ခင်းကို ပြည့်စုံအောင် ဖန်တီးပေးနေသည်။ Build အတွက် မနက်စာ လိမ္မော်ရည်၊ ပေါင်မုန့်မီးကင်နှင့် ကြက်ဥကြော် ပြင်ဆင်ပေးပြီး Eno အတွက်လဲ ကြောင်စာထည့်ပေးဖို့မမေ့သည့် Bible က ချစ်သူကောင်း ဖခင်ကောင်းစစ်စစ်ဖြစ်လိမ့်မည်။ ဒီလို လူအတွက် Build က တချို့အရာတွေ စွန့်လွှတ်လိုက်ရမည်ဆိုလျှင်တောင် ဝန်မလေးချင်တော့။ကြည့်လေ။ အခုတောင် မနက်စာစားဖို့ Build က တချက်လှုပ်စရာမလို။ Bible က ပါးစပ်ထဲ အရောက်ခွံ့ကျွေးတာလေး ဝါးစားရုံပင်။

YOU ARE READING
Learning Bible 101
Hayran KurguRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။