9. (Uni)

1.9K 213 6
                                    

"လက်က ဘယ်နားကနာတာလဲ"
Apo ရဲ့ အဖေက Apo နဲ့သားအဖလို့တောင် ယုံစရာတောင်မရှိ။ အသားညိုညိုထောင်ထောင်မောင်းမောင်း Apo နှင့် ဆန့်ကျင်ဘက် ပိန်ပိန်သေးသေး တရုတ်အဘိုးကြီးလေးဖြစ်သည်။ သူ့ရဲ့ ပါဝါမျက်မှန်လေးကို ပင့်ကာ ပင့်ကာနှင့် Build ၏ နာမနေတော့သည့် လက်ကောက်ဝတ်ကို မျက်မှောင်ကြီး ကျုံ့ ကြည့်နေတော့သည်။ Build လဲ ဘယ်နားက နာသည်ပြောရမည်မသိတော့။ အမှန်က ဖြစ်စကတည်းက အရမ်းပြင်းထန်တာမဟုတ်တော့ သက်သာပြီပင်။ Bible ကို တမင် အလုပ်ရှုပ်အောင် ဉာဏ်ဆင်လိုက်တာ အခု မနာပဲနာသည်ပြောရမှာမို့ယောင်နန ဖြစ်နေသည်။ ဘေးနားရပ်ကြည့်နေသည့် Bible ကိုမော့ကြည့်တော့လည်း သူက တကယ်ကို စိတ်ပူပန်တကြီးကြည့်နေသည်။

"ဟို . . ဟို ဒီနားလေး"

Build က လက်ကောက်ဝတ်က ဟိုနားဒီနားထိုးပြတော့ အဘိုးကြီးက လက်မ လက်ညှိုးနှင့် ဖိကြည့်တော့သည်။
"နှိပ်မယ်နော်။ နာရင် နာတယ်ပြော။ မနာပဲ နာတယ်မပြောနဲ့။ အဲ့ဒီကျမှ အကြောတွေလွဲကုန်မယ်"

"ဟုတ် ဟုတ်"

သူ့နားသယ်စပ်မှာ ချွေးတွေတောင်ပြန်လာသလားထင်ရသည်။ Apo အဖေသာ သူ့သားလို အမွှေစိန်ဆိုလျှင် သူ့လက်ကောက်ဝတ်ဟာ ဒီနေ့တော့ ဒီကနေ အကြောမလွဲပဲ ပြန်ရစရာအကြောင်းမရှိတော့။

"အာ Bible လာ လာ။ ငါ့ အမားကမင်းကိုပေးစရာရှိတယ်တဲ့"

Apo က အလိုက်ကမ်းဆိုးသိစွာ Bible ကို ခေါ်ထုတ်သွားသည်နှင့် Build က Bible အဖေလက်ထဲက သူ့လက်ကောက်ဝတ်လေးအမြန်ဆွဲထုတ်ရသည်။
"ဟီးဟီး. . လုံရယ် ကျွန်တော့်လက်ကလေ မနေ့ကတည်းက မနာတော့ဘူးရယ်။ ဟိုတစ်ယောက်က နာတယ်ထင်နေလို့ ဇွတ်ပြခိုင်းနေလို့သာ. . . "

Apo အဖေက ငါထင်သားပဲဆိုသည့်ရုပ်နှင့် ခေါင်းလေးခါကာ သူ့မျက်မှန်ကိုခေါက်ပြီး ရှပ်အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။

"ဟင်း. . မင်းတို့ လူငယ်တွေ အတော်ရှုပ်။ ငါ့မှာ ကျားထိုးနေရာကနေ ထလာရတာ။ ပေးစမ်း ကာဖီဖိုး ငါးဆယ်"

သူ့မှာ လက်အုပ်ချီပြီး ကာဖီဖိုး ဆက်သလိုက်ရသည်။ Apo အဖေနှင့် Build နှစ်ဦး နားလည်မှုရပြီး လက်ကောက်ဝတ်ကို ဟန်ဆောင်ပန်ဆောင် ဆေးစည်းကာ ဆေးခန်းထဲက ထွက်လာတော့ Apo အမေနှင့် တည့်တည့်တိုးတော့သည်။

Learning Bible 101Where stories live. Discover now