11. (Zawgyi)

822 34 1
                                    


"Bible. . . ကျောင်းပြန်လာတက်တာလား"

ရုပ်ရှင်တွေထဲကလို နောက်ကနေလှမ်းမေးတာမျိုးတော့မဟုတ်။ သူတို့ဆီ တည့်တည့်ကြီးလျှောက်လာပြီးမေးတာပါ။ ကျောင်းဝတ်စုံနှင့်ကောင်မလေး တစ်သိုက်။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို မှုံနေအောင်ချောတာမျိုးလဲ မဟုတ်ရပါ။ ရုပ်ရည်ကလဲ သာမာန် သူလိုကိုယ်လိုပါပဲ။ ပုတာကပု၊ ပိန်တာကပိန်၊ ရှည်တာကရှည်ပေါ့။

"‌ဪ . . မဟုတ်ဘူး။ အဂျန်ကခေါ်လို့ ခဏသွားတွေ့မလို့"

"အဂျန် Sanan ဆီဆိုရင် Mei ရော လိုက်ခဲ့မယ်။ အဲ့ဒီကို သွားစရာရှိတယ်"

"အင်း"

Bible က ခေါင်းငြိတ်ပြပြီး ထွက်သွားဖို့ပြင်သည်။ ပြီးမှ စိတ်မချသလို ပြန်လှည့်လာကာ
"Biu ဒီမှာပဲ ခဏစောင့်နော်။ ငါအရမ်းမကြာလောက်ပါဘူး။"

"သူငယ်ချင်း ပါလာတာလား"
Mei ဆိုသည့် ကောင်မလေးက လှည့်မေးပေမဲ့ Bible က ခေါင်းပဲ ငြိတ်ပြပြီး သုတ်သုတ် သုတ်သုတ်နှင့် ထွက်သွားတော့သည်။

Mei သူငယ်ချင်းကောင်မလေးတွေက သူ့ကို အဖြစ်သဘောနှင့် လက်အုပ်ချီနှုတ်ဆက်ပြီး ဘေးဝိုင်းမှာ ဝင်ထိုင်ကြသည်။ ကျောင်းထဲကကော်ဖီဆိုင်ဆိုတော့လည်း ကျောင်းသားတွေထိုင်ကြတာ သဘာဝပင်။ ပြီးတော့ အတင်းတုပ်ကြတာပေါ့။

သူတို့က ထွက်သွားသည့် Bible နှင့် Mei ကျောပြင်ကို ကြည့်ကာ တိုးတိုး တိုးတိုးနှင့် ပြောပေမဲ့ Build က ကြားနေရသည်။

"Bible က ကျောင်းပြန်တက်မလို့လားမသိဘူးနော်။"

"Mei က သူ့ကြောင့် Bible ကျောင်းနားလိုက်ရတာကို အပြစ်ရှိသလိုခံစားနေရတာ။"

"ဟဲ့. . . သူကလဲ Bible ကို မေတ္တာပိုနေတာပဲ"

"ဟိုကောင်က ဇယားလာရှုပ်နေသရွေ့ Mei က Bible ကို ဘယ်လောက်ကြိုက်ကြိုက် တွဲရဲမှာမဟုတ်ဘူး"

တကယ်ပါပဲ။ သူစိတ်ကူးထဲထင်ထားသည်က Bible ကာကွယ်ပေးလိုက်သည်ဆိုတာ မှုန်နေအောင်ချောသည့် ကျောင်းရဲ့ Queen တို့၊ Cherry တို့ ဖြစ်မည်ထင်ထားတာ။ အခုကျတော့ သာမာန်ကောင်မလေးပါပဲလား။

Bible က စိတ်ဝင်စားနေပြီး ဖွင့်မပြောရဲတာကလည်း ဒီကောင်မလေးလား။ အမလေး. . .ဒရမ်မာတွေဆန်လိုက်ကြတာ။ တဖက်က ကောင်မလေးက အရင်ရည်းစားဟောင်းက လိုက်နှောက်ယှက် ဇာတ်လိုက်က ထွက်လာပြီး ကာကွယ်ပေး။ မင်းသမီးကို ကာကွယ်ပေးရင်း ဇာတ်လိုက်က ဒုက္ခရောက်ရ။ မင်းသမီးက သူ့ကြောင့်ဖြစ်ရတယ် အပြစ်ရှိတယ်ဆိုပြီး ဖွင့်မပြောရဲ။ ဇာတ်လိုက်ကလဲ ဖွင့်မပြောနိုင်။ ချစ်ရက်နဲ့ ဝေး ဝေး ဝေး. . . . .

Learning Bible 101Where stories live. Discover now