18. (Uni)

2.5K 228 65
                                    

Bible က စာသင်ချိန်ဆိုလျှင် ချစ်ကြောင်းကြိုက်ကြောင်း တစ်စက်ကလေးမှ မပြပဲ စာကိုပဲ အာရုံစိုက်သင်ကာ ဆရာတာဝန်ကိုလဲ တင်းပြည့်ကျပ်ပြည့် ကျေပွန်သလို စာသင်ချိန်ကျော်လျှင်လဲ ရည်းစားတာဝန်ကို ‌ကျေပွန်အောင် ကြိုးစားရှာပါသည်။

အဂျန် Bible က စည်းကမ်းကြီးကာ ပြောရဆိုရခက်သလောက်။ ရည်းစားလေး Bible က အရမ်းနူးညံ့ကြင်နာတတ်ကာ ချစ်ဖို့ကောင်းသည်။

Build ရဲ့ ရည်းစားကာလ နှစ်လအတွင်း ကျိန်းသေပေါက်လုပ်ရမည့် Bucket list ဆိုသည့် ရူးကြောင်မူးကြောင် စာရင်းကိုလဲ လိုက်ဖြည့်ဆည်းပေးရှာသည်။ Build ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သူ့အဓိပ္ပာယ်ဖွင့်ဆိုချက် နည်းနည်းလေးလွဲနေသည်မှ လွဲလို့ပေါ့လေ။

ဒါပေမဲ့ ရည်းစားဖြစ်ပြီး မကြာသည့် ကာလအတွင်းမှာ Build သိလိုက်ရတာကတော့ Bible မှာ သူမျှော်လင့်မထားသည့် အချက်တွေအများကြီးရှိသည်ဆိုတာပင်။

တစ်အချက်က Bible က ထင်မထားလောက်အောင် နူးညံ့သည် ဆိုတာဖြစ်သည်။ Build ကို အော်တာဟောက်တာ ဇွတ်အတင်းဆိုတာမျိုးမရှိ။ စာသင်သည့်အချိန်က လွဲလို့ပေါ့လေ။

Build ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲဆိုတာကို ဦးစားပေးသည်။ Build ကို တဖွဖွနမ်းတတ်သလို၊ Build ဘာလုပ်လုပ် ဘာဝတ်ဝတ်လှတယ်ဟုလဲ ပြောတတ်သည်။ ဒါက သမီးရည်းစားချင်းမို့ ဟန်ဆောင်ပန်ဆောင်ချီးကျူးတာမဟုတ်ပဲ သူ့မျက်စိထဲမှာ Build က ဘယ်လိုနေနေလှနေလို့မှန်း ကျိန်းသေသည်။ Build ကလည်း နဂိုရည်ကိုက လှဝာာကိုး။

နှစ်အချက်က အရမ်းခေါင်းမာတာဖြစ်သည်။ သူမှန်သည်ထင်တာပဲဖြစ်ဖြစ် သူလက်မခံနိုင်တာပဲ ဖြစ်ဖြစ် မရှင်းမချင်း မေးခွန်းတွေတရစပ်ထုတ်သည်။ သူကရှင်းပြရလျှင်လဲ Build က လက်မခံမချင်း ရှည်လျားထွေပြားအောင် ရှင်းပြတတ်သည်။ သူ့မှာ ဘာကြောင့် ဘယ်လိုဖြစ်ရသည်ဆိုသည့် Logic တွေကရှိပြီးသား။ Build ၏ ရံဖန်ရံခါ အကျိုးအကြောင်းမရှိ ဂျီကျမှုတွေက Bible ၏ မဲခေါင်မြစ်ပမာ ရှည်လျားပြီး အဆက်မပြတ်စီးဆင်းလာသော ရှင်းလင်းချက် လှိုင်းလုံးတွေကြား ခေါင်းတောင်မထောင်နိုင်ခဲ့။

Learning Bible 101Where stories live. Discover now