20. (Zawgyi)

1.1K 38 1
                                        

(Warning: Explicit content in this chapter‼️)

"တကယ်ပါကွာ။ သူတို့တင်ထားတဲ့ Instagram story မှာ Biu ကိုတွေ့လို့ စိတ်ပူပြီးလိုက်လာတာ"

"သူတို့ကို Instagram မှာ follow ထားသေးတာလား"

"အတန်းတူတူပဲလေကွာ"

"အဲ့ဒါဆို သူတို့ Instagram story ကိုတကူးတကဝင်ကြည့်တယ်ပေါ့"

"Biu story ကိုကြည့်တာပါကွာ။ အဲ့ဒီနောက်မှာ သူတို့ဟာက ကပ်ရပ်ပေါ်လာတာ"

Build က ကားမောင်းနေရင်းကကို Bible ကို မျက်စောင်းထိုးလိုက်သည်။ မျက်စောင်းထိုးပြီး မျက်လုံးက အရှေ့ကိုချက်ချင်းပြန်မလှည့်သွား။ အဝတ်မပါသည့် Bible က သိပ်ကြည့်ကောင်းတာကိုး။ ဖြူဖွေးဝင်းမွတ်ပြီး ကြွက်သားအဖုအဖုနှင့် တောင့်တင်းကျစ်လျစ်နေသည်မှာ ထိချင်ယက်ချင်စရာကြီး။

ဟယ်. . Build ဘာတွေတွေးနေတာလဲဆိုပြီး စိတ်နှင့်လူနှင့်ကပ်အောင် ကိုယ့်ဘာသာ ပါးဆယ်ချက်လောက်ချပြီး ကားကိုပြန်အာရုံစိုက်မောင်းရသည်။

ဘားထဲက ဘရုတ်သုတ်ခဇာတ်လမ်းက Mei အန်ချလိုက်တာမှာပြီးသွားသည်။ Bible လဲ သူ့ရဲ့ အန်ဖတ်ပေသည့် အင်္ကျီကို ချွတ်ပြီးလွှင့်ပစ်ခဲ့ရသည်။ ဘတ် 100 တန်ဆိုတော့လည်း နှမြောစရာမလိုဘူးပေါ့လေ။

Crush ပေါ် မူးပြီးအန်သည့် အသဲကွဲသမားလေး Mei ကို သူ့သူငယ်ချင်းတွေက ပြန်ခေါ်သွားပြီး Us နှင့် JJ က အတူတူပြန်ရင်း ရန်ဆက်ဖြစ်ကြသည်။ P'Jonathan ကတော့ Bible ဆိုင်ကယ်ကိုယူသွားပေးကာ သူက Bible ကို သူ့အိမ်ခေါ်လာရသည်။

အိမ်ရောက်တော့ အန်ဖတ်နံ့ထွက်နေသည့် Bible နားကို Eno တောင်မှ မကပ်ပဲ နှာခေါင်းရှုံ့ပြီးလှည့်ထွက်သွားသည်။

Bible ရေချိုးခန်းထဲ ဝင်သွားတော့ Build က သူလဲဝတ်ဖို့ အဝတ်အစားရှာရသည်။ ကံကောင်းသည်က Build တီရှပ်တွေက ချောင်ချောင်ပွပွတွေမို့ မတော်မှာမပူရ။ ကံဆိုးသည်က Build မှာ အောက်ခံဘောင်းဘီအသစ်ရှိမနေ။ သူဝတ်ပြီးသားကြီးကျလဲ ပေးဖို့မသင့်တော်ဘူးမလား။ ဒါနဲ့ပဲ မသိချင်ယောင်ဆောင်ပြီး တီရှပ်နှင့် အိမ်နေရင်း ချည်သားဘောင်းဘီတစ်ထည် ထုတ်ထားပေးလိုက်သည်။

ပြီးတော့ ဆိုဖာပေါ်မှာ YouTube ကြည့်ချင်ယောင်ဆောင်ကာ Bible ရေချိုးအပြီးကိုထိုင်စောင့်ရင်း ကံကြမ္မာပါရင်တော့ ဘယ်လောက်ငြင်းငြင်း Bible က Build အိမ်ပေါ်ရောက်ရတာပဲလို့ တွေးကာ ရယ်လိုက်မိသေးသည်။

Learning Bible 101Where stories live. Discover now