Bible ရဲ့ ဘဲနှုတ်ခမ်း ဇာတ်လမ်းတစ်ခုကလွဲလျှင် ချင်းမိုင်ခရီးက အခက်အခဲ တစ်စုံတစ်ရာတောင်မရှိခဲ့။ သူတို့ ဘန်ကောက်ပြန်ကြမည့်နေ့မှာ Bible မိဘတွေက Cole နှင့် Build အိမ်အတွက်ပါ ချင်းမိုင်အပြန်လက်ဆောင် ဝက်ခေါက်ကြော်နှင့် ဝက်သားချဉ်တွေ မနည်းမနောဝယ်ထည့်ပေးလိုက်လို့ သူတို့မှာ Handcarry 7 kg ကျော်မှာနှင့် လေယာဉ်က ပေးမသယ်မှာ စိတ်ပူရတာ တစ်ခုပဲရှိသည်။
အဲ့ဒါကလွဲလျှင် ရာသီဥတုလဲသာယာပြီး တောင်ပတ်လည်ဝိုင်းကာ စိမ်းလန်းနေသည့် မြို့မှာ Build က အခြေတောင်ချချင်သွားသည်။
ပြောရလျှင် Build က လိုချင်လောဘအရမ်းများသူမဟုတ်။ သူ့ဘဝရဲ့ပျော်ရွှင်မှုက ရုပ်ဝတ္ထုပစ္စည်းတွေထက် သူချစ်ရသည့်သူတွေနှင့်အတူရှိရခြင်း အပေါ်ပိုတည်မှီသည်။ ဘန်ကောက်မှာ သူပျော်နေသည်ဆိုသည်ကလဲ သူငယ်ချင်းအပေါင်းအသင်းတွေရှိနေလို့ပင်။ Bible နှင့်သာ ဘဝတစ်ခု အခြေကျလျှင် ဘယ်နေရာရယ်မှ မဟုတ် Build က ပျော်နိုင်မှာ ကျိန်းသေသည်။ Bible ကရော ဘယ်လိုတွေးမလဲ။ Build က သူ့ဘေးက ခုံမှာထိုင်ရင်း စာအုပ်ဖတ်နေသည့် Bible လက်မောင်းကို ပါးလေးအပ်ကာ မှီလိုက်သည်။"Ble. . . "
"ဟင်"
Bible က စာအုပ်ကိုပိတ်လိုက်ပြီး Build ကို လှည့်ကြည့်သည်။
"မင်း အနာဂတ်မှာ ဘာဖြစ်ချင်တယ် စိတ်ကူးထားလဲဟင်""ဘာလို့မေးတာလဲ ထူးထူးဆန်းဆန်း"
"အင်း. . Biu က အရင်ကဆို ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်လဲ မယ်မယ်ရရမရှိဘူး။ အဲ့လိုပဲ ရေလိုက်ငါးလိုက် အဆင်ပြေသလိုလေးနေလာတာ။ ဖက်ရှင်ကျောင်းသွားတက်မယ်ဆိုတာလဲ အဲ့ဒီဘက်မှာ ကိုယ်ဝါသနာပါတယ်။ ငါလုပ်ကြည့်မယ်။ မိဘကလဲ အားပေးနေတော့ တစ်ခုခုတော့ ဖြစ်ထွန်းအောင်လုပ်လိုက်မယ်ဆိုပြီး တက်မယ်ဖြစ်သွားတာ။ အခုကျလေ ကိုယ့်ဘဝမှာ ငါအသက်လေးဆယ်မှာ ဘယ်လိုနေချင်တယ်။ အသက်ငါးဆယ်မှာ ဘယ်လိုဖြစ်ချင်တယ်ဆိုတာမျိုး ပုံဖော်လဲ ကြည့်လို့ရလာသလို အဲ့လိုလဲ တကယ်ဖြစ်လာချင်တယ်။ အဲ့ဒါကြောင့် Bible ကိုလဲမေးကြည့်တာ"
Bible က Build နဖူးကို ဖွဖွလေးနမ်းလိုက်ပြီး
"အရင်တုန်းကတော့ ကိုယ့်အတွက် ဘဝဆိုတာ ရှာဖွေမှုပဲ။ အတွေ့အကြုံအသစ်တွေရှာဖွေချင်တယ်။ အခွင့်အလမ်းအသစ်တွေတွေ့ရင် ဆုပ်ကိုင်ကြည့်ချင်တယ်။ ဒါပေမဲ့ Biu ကို ချစ်ပြီးတဲ့ နောက်မှာ ကိုယ့်အတွက် Biu က ကိုယ်ဖမ်းဆုပ်ထားချင်တဲ့အခွင့်အရေးလေးပဲ။ အဲ့ဒီအတွက် ကိုယ်တို့ရှေ့ဆက်ပြီး လျှောက်ရတဲ့ခရီးမှာ ဘာတွေဘယ်လိုပဲ ကြုံရ ကြုံရ Biu က ကိုယ့်ရဲ့ နံပါတ်တစ် ဦးစားပေးပဲ။ Biu ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး။"

YOU ARE READING
Learning Bible 101
FanfictionRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။