ချစ်သူနဲ့အတူ နိုးထရတဲ့ နံနက်ခင်းဟာ . . .အဲလေ ချစ်သူရှိရှိ မရှိရှိ အိမ်မှာကြောင်ရှိရင် မနက်ခင်းက နိုးထရမှာပဲ။ Eno အစာခွက်ထဲ ညတုန်းက အစာထည့်ပေးခဲ့မို့ မေ့သွားတော့ မနက် 5 နာရီပဲရှိသေးသည် တညှောင်ညှောင် အသံပေးကာ ကုတင်ပေါ်ထိတက်လာပြီး Build မျက်နှာကို လာနမ်းတော့သည်။
ပြီးတော့ Build ကို ဖက်ရင်း အိပ်နေသည့် Bible ကိုမြင်ပြီး ကြောင်လဲ နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်သွားပုံရသည်။ နောက်တော့လဲ Build ထက်ပိုပြီး Bible ကို ကြူးသည့် ကြောင်ပီပီ Bible ဆီခေါင်းတိုးကာ အစာတောင်းတော့သည်။
Bible က Eno ကို အစာထည့်ပေးဖို့ထတော့ Build က လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်သည်။ သူ့မှာ မနေ့ညက ဆိုဂျူးကောင်းမှုနှင့် Bible နှင့် ကြာကြာတောင်မနမ်းနိုင်ပဲ ဥဩတွေဆွဲလိုက်ရသေးကာ အခုလည်း ခေါင်းကိုက်လို့မထချင်သေး။
"ပြီးရင် ပြန်လာခဲ့နော်"
အိပ်ချင်မူးတူးလေသံလေးနှင့် Eno နှင့်အပြိုင်ချွဲနေသည့် Build ပါးေပါ်က ပါးချိုင့်လေးထဲကို နှာခေါင်းနစ်ဝင်သွားအောင် နမ်းပြီးမှ Bible က ထသွားသည်။ Build ကတော့ ဘယ်ကဘယ်လိုပြန်အိပ်ပျော်သွားလဲမသိ Bible ထပ်လာနမ်းတော့ သူ့မှာ အိပ်ချင်မူးတူးနှင့် ဘာတွေပြန်ပြောမိလဲတောင်မသိလိုက်။
Build တကယ် နိုးလာတော့ 7 နာရီထိုးနေပြီ။ သူ့ကုတင်ဘေးက စားပွဲပေါ်မှာ အပူခံဘူးနှင့်ထည့်ထားသည့် ပျားသံပုရာ နွေးနွေးလေး။ ပြီးတော့ ပေါင်မုန့်ထောပတ်သုတ် နှစ်ချပ်က အုပ်ဆောင်းလေးနှင့်။ အုပ်ဆောင်းမှာ ကပ်ထားသည့် sticky note အဝါလေးပေါ်တွင် Bible ၏ လက်ရေး သော့သော့နှင့် "စားပြီးမှ ဆေးသောက်နော်"တဲ့။ အကိုက်အခဲပျောက်ဆေး တစ်လုံးကလဲအဆင်သင့်။
Build ဂျွမ်းဆယ်ပတ်လောက်ထိုးချင်သွားသည်။ ရည်းစားရှိသည်ဆိုတာ ဒီလိုမျိုးလား။ သူ့ရင်ထဲမှာ လိပ်ပြာအုပ်လိုက်ကြီး အတောင်ပံခတ် ဆတ်စလူးခါနေသလိုပင်။ Bible ဖျော်ပေးခဲ့သည့် ပျားသံပုရာသောက်လဲပြုံး။ ပေါင်မုန့်ထောပတ်သုတ် စားလဲ ပြုံး။ ဆေးသောက်လဲ ပြုံး။ မျက်နှာသစ် ရေချိုးလဲပြုံး။ အိမ်သာတက်လဲပြုံး။ မျက်နှာက ဘယ်လိုမှ ထိန်းမရ ပြုံးနေရလွန်းလို့ ပါးတွေတောင် ညောင်းလာသည်အထိ။
YOU ARE READING
Learning Bible 101
أدب الهواةRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။