Us ဆီက ဖုန်းချသည်နှင့် အိပ်ယာထဲက လူးလဲထ ကာ Bible သင်တန်းရှိရာ ထွက်လာခဲ့သည်။ ဒီနေ့မနက်အတန်းက အကြီးတန်းမို့ Build တက်စရာမလိုသော်လည်း လူက စိတ်ဂယောက်ဂယက်နှင့်မို့ Bible အတန်းဆင်းတာနှင့် တွေ့ချင်စိတ်ကြောင့် ထွက်လာခြင်းဖြစ်သည်။ Build က ကားပါကင်တွင် ယောင်လည်လည်နှင့်စောင့်နေပေမဲ့ အတန်းသာဆင်းသွားသည် Bible က ဆင်းမလာသေး။ Build က အပေါ်ပဲ တက်ကြည့်ရနိုးနိုး အောက်မှာပဲ ဆက်စောင့်ရနိုးနိုး ဂယက်တွေထနေစဉ်
"P'Build ဘာလုပ်နေတာလဲ"
သူ့ပုခုံးကိုလာပုတ်လို့ ကြည့်လိုက်တော့ ဟိုတစ်ခါ တူတူထိုင်ခဲ့ဖူးသည့် ကျောင်းသားလေး။ သူ့နာမည်ဘာလဲ ဆိုတာ Build ခေါင်းထဲက ထွက်မလာသောကြောင့် တအယ် အယ် နှင့် ယောင်တောင်တောင် ဖြစ်နေသေးသည်။
"Ta လေ P'Build က မေ့ပစ်လိုက်တာလား"
"အာ . . မဟုတ်ဘူး N'Ta မှတ်မိတယ်"
"ရေခဲမုန့်သွားစားကြမယ်ဆိုပြီး နောက်နေ့လဲ P'Build က ပေါ်မလာဘူး"
"ဒီ . . . ဒီ အတန်းမှာ စာမလိုက်နိုင်လို့ အတန်းပြောင်း. .လိုက်လို့. . . ဒါနဲ့ အဂျန် Bible အပေါ်မှာ ရှိနေတာလား"
"အဂျန်လား ရှိတယ်။ မပြန်သေးဘူး ထင်တယ်"
"ဟုတ်လား။ သွားတွေ့လိုက်ဦးမယ်။ စာမေးမလို့"
Build က ပြောရင်း ပြေးထွက်လာခဲ့သည်။ Bible ကို သူတွေ့ကြည့်ပြီး ဘယ်လိုတုံ့ပြန်မလဲသိချင်သည်။ တခါတည်း ရှင်းရှင်းလင်းလင်းပေါ့။
Build ကို မြင်တော့ အပေါက်ဝက စာရေးမလေးက စာသင်ခန်းကို လက်ညှိုးထိုးပြသည်။
"K'Bible ဧည့်သည်ရောက်နေလို့ စကားပြောနေတာ။ ကြာနေပြီ. . ."သူ့ပုံစံက Build ကိုလှမ်းတိုင်သလိုမို့ Build လဲ အခန်းတံခါးဝနားတိုးကပ်သွားကာ မှန်တံခါးကို မဖွင့်သေးပဲ အထဲကို ချောင်းကြည့်လိုက်သည်။ Bible က မိန်းကလေးတစ်ဦးနှင့် မျက်နှာချင်းဆိုင်ခုံမှာထိုင်ကာ စကားပြောနေသည်။ မိန်းကလေးက Mei မှန်း Build က ချက်ချင်းမှတ်မိလိုက်သည်။ Mei က ငိုနေပြီး Bible က စိတ်မကောင်းသလို ကြည့်ကာ တစ်ရှူးတစ်ရွက်ကမ်းပေးလိုက်သည်။

YOU ARE READING
Learning Bible 101
Fiksi PenggemarRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။