3. (Uni)

2K 227 32
                                    

ဒီနေ့တော့ ဆရာသမားက Build အတွက် လူစာ အဲလေ  . . ဒိန်ချဉ်အပြင် Eno အတွက် ကြောင်စာ ပါ ပါလာသေးသည်။ စာမသင်ခင် Eno ကို သူ့ပေါင်ပေါ်ပွေ့တင်ပြီး creamy ချောင်းကို စိတ်ရှည်လက်ရှည်ကျွေးနေလိုက်တာများ ယုံချင်စရာတောင်မရှိ။ သူလိုရုပ်ကြီးနဲ့ ကြောင်ချစ်တတ်ပုံက နူးနူးညံ့ညံ့ကြီး။

"ကြောင်ချစ်တာလား"

အနည်းဆုံးတော့ သူနဲ့ အကျင့်စရိုက်တူတာလေးရှိတော့ စကားပြောလို့‌ကောင်းတာပေါ့ဟူသည့် စိတ်နှင့်မေးမိတာပါ။ ဆရာသမားက မျက်လုံးကြီးလှန်ကြည့်ပြီး
"အိမ်မှာလဲ တစ်ကောင်မွေးထားတယ်"

"ဟုတ်လား။ နာမည်ဘယ်လိုခေါ်လဲ"

"Grey"

"50 shades of Grey ပေါ့ ဟိဟိ" ပြောပြီးမှ နည်းနည်းမျက်နှာပူသွားသည်။ အဲ့ဒီ ဇာတ်လမ်းက သိတယ်မလား။ ဟိုဆရာသမားကတော့ ဒါလဲ သိချင်မှသိမှာပါ။ မျက်နှာက အမူအယာအပြောင်းအလဲကိုမရှိ။ ခံစားချက်မရှိသည့် မျက်နှာပေးကြီးနှင့်။

"Eno က နာမည်ကိုစုံနေတာပဲ။ သူ့မှာကိုရီးယား နာမည်လဲရှိသေးတယ်။ Mino တဲ့"

"WINNER က Mino လား"

"အယ်. . .Kpop နားထောင်လား။"

"အင်း"

"ဘယ်အဖွဲ့ ကြိုက်တာလဲ"

"Twice and Itzy. . "

"ဟုတ်လား. . ငါလဲ ကြိုက်တယ်။ Bible ကိုကြည့်ရတာတောင် ငါကြိုက်တဲ့ ကိုရီးယားအဆိုတော်တစ်ယောက်နဲ့ တူတယ် DPR ကလေ. . "

"အင်္ဂလိပ်လိုပြော"

"ဟင်"

Build ကပြောနေရင်း ရုတ်တရက်ကြီး ဆက်ပြောရမှာလား။ ရပ်လိုက်ရမှာလားမသိ။ တန်းလန်းဖြစ်နေသည်။ နာရီကိုလှည့်ကြည့်တော့ 6 နာရီ တိတိ။ အမလေး ကိုတိကျရဲ့. . . .

"I like Kpop. You look like DPR Live Dabin."

"Which parts of me resemble to him?"

"Ah. . Resemble အလိုင်"

"မနေ့က ကျက်ခိုင်းထားတဲ့ Vocabulary ထဲမှာပါတယ်လေ။ မင်းကျက်မထားဘူးလား။"

အလိုင်ဝါး. . . အလုံးသုံးဆယ်တောင်လေ။ ချက်ချင်းဘယ်သူက မှတ်မိမှာလဲ။ Build မှာ သင်တန်းစလို့ ငါးမိနစ်မပြည့်သေး အဆူခံထိနေပြီ။

Learning Bible 101Where stories live. Discover now