"အလျှော့မပေးတတ်တဲ့ လူတွေကို မုန်းတယ်။ အပေါင်းအသင်းကိုမလုပ်ချင်ဘူး"
လက်ထဲက တူကို စားပွဲပေါ်ပစ်ချ၊ ပန်းကန်လုံးကိုလဲ ပစ်ချသည့်အသံက ဂွမ်းကနဲမြည်သွားသည်မို့ ဘေးဝိုင်းကလှည့်ကြည့်တော့မှ Build လဲ အော်တုန်းကအော်ပြီး အခုမှရှက်ကာ လျှာတစ်လစ်လေးထုတ်မိသည်။ကြည့်ပါဦး သူတို့စားပွဲပေါ်မှာ ပန်းကန်လုံးတွေက အထပ်လိုက် တာဝါတိုင်ကြီးတွေလို ထိုးထောင်လို့။ မနက်ပိုင်းသင်တန်းပြီးတော့ အနုစာဝါရီကျောက်တိုင်နားက နာမည်ကြီးလှေခေါက်ဆွဲဆိုင်မှာ စားရအောင်လို့ စခေါ်သူက Bible။ တစ်ပွဲမှ နှစ်လုပ်စာလောက်ရှိသည့် ကွေ့တယိုကို ပြိုင်စားကြမလားလို့ စိန်ခေါ်လိုက်သူက Build။ အနိုင်အရှုံးသဲသဲကွဲကွဲပါပဲ။ Bible ရှေ့က ပန်းကန်လုံးအထပ်လိုက်က သူ့ရှေ့ကထက် တစ်ထွာလောက်ပိုသည်။ ခေါက်ဆွဲတွေက Build ဗိုက်ထဲတင်မက လည်ပင်းအဝသို့ပါရောက်နေပြီလို့တောင် ခံစားနေရသည်။ Bible က စူပုတ်ပုတ်နှင့် အရှုံးပေးလိုက်ရသည့် Build ကို ပြုံးကြည့်ပြီး သူ့ရှေ့က လက်ကျန်နှစ်ပွဲကိုတောင် အဆုံးသတ်လိုက်သေးသည်။ ပြီးတော့ အချိုပွဲ အုန်းနို့ကျောက်ကျော သုံးခွက်ထပ်စားသေးသည်။
"မင်းအဲ့လိုပဲ အမြဲစားနေတာလား"
Bible ရဲ့ အစာချေစနစ်အတွက် သူတော်တော်စိုးရိမ်သွားသလို သူ့အတွက်သူလဲ စိုးရိမ်မိသွားသည်။ ဒီလိုမတရားစားတဲ့လူနဲ့ပေါင်းလို့ကတော့ မကြာခင် သူဟာ စည်ပိုင်းလေးလို လှိမ့်ကြမယ်ဆိုသည့် ခန္ဓာကိုယ်ဖြစ်လာတော့မည်။ Bible က ကျောက်ကျောနောက်ဆုံးတစ်ဇွန်းကို သူ့ကိုလှမ်းခွံ့လို့ အမြည်းအနေနှင့် ပါးစပ်ဟပေးလိုက်မိသေးသည်။
"ငါက တစ်နေ့ကို တစ်နပ်ပဲစားတာ နှစ်နပ်ကအလွန်ဆုံးပဲ။ အဲ့ဒီအချိန်စားရင်တော့ များတယ်။"
"ဘာလို့လဲ diet plan လား"
"မဟုတ်ဘူး။ ခဏခဏ စားရမှာပျင်းလို့"
"ဟင်. . . အဲ့ဒါဆို Biu နဲ့မဖြစ်ဘူး"
"ဟင်"
Bible က လန့်သွားသလို မျက်လုံးလေးပြူးသွားသည်။
"Biu က တစ်နေကုန် နည်းနည်း နည်းနည်းနဲ့ တဇွတ်ဇွတ်စားတာ။ အခုလို Heavy ထက် မုန့်တွေ၊ snack တွေ ပိုကြိုက်တာ"

YOU ARE READING
Learning Bible 101
Fiksi PenggemarRomance Comedy of BIBLE x BUILD စိတ်ကူးယဉ်ဇာတ်လမ်းသာဖြစ်သောကြောင့် အပြင်မှ လူပုဂိ္ဂုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။