8. (Uni)

2K 205 21
                                        

လက်ကောက်ဝတ်နာသွားရသည့် ရလာဒ်ကတော့ သူကားမမောင်းနိုင်တော့ဟုဆိုကာ Bible က အိမ်အထိ ကားမောင်းပြီးပြန်လိုက်ပို့တာပင်။ ညဘက်စာသင်ပြီးတော့ Bibleက သူ့ဘာသာ Taxi ငှားပြီး ပြန်သွားသည်။ မနက်ဖြန်မနက် Build အတန်းတက်ဖို့လဲ သူက လာခေါ်ပေးဦးမည်တဲ့။ ဒီလို ကိုယ့်စားရိတ်နှင့်ကိုယ် စာသင်ချင်သည့် ဆရာမျိုးကား ရှာမှာရှားပင်။ စာသင်ဖို့ မွေးဖွားလာပါတယ် ဆိုသည့် လူမျိုးဖြစ်လိမ့်မည်။

Bible လာခေါ်ပေးမည့် မနက်မှာတော့ Build က စောစောထကာ ရေမိုးချိုး ပြင်ဆင်ထားသည်။ cushion လေးတောင် မသိမသာလေးပုတ်လိုက်ပြီး မျက်ခုံးမွှေးလေး အိုင်းလိုင်နာလေးမသိမသာဆွဲလိုက်သေးသည်။ သူသွားတက်ရမည့် အတန်းက တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးတွေနှင့်ဆိုတော့ နည်းနည်းတော့ နုချင်တာပေါ့လေ။ ပြီးတော့ မဝတ်ရသေးသည့် Balenciaga တီရှပ်အသစ်လေးနှင့် Gucci ဘောင်းဘီ၊ Converse shoes လေးတွဲဝတ်ပြီး ပြည့်စုံသွားလေပြီ။

7 နာရီခွဲတိတိမှာ Bible ဆိုင်ကယ်က သူ့ကွန်ဒိုအောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ အဂျန်Bible တို့ကတော့ ထုံးစံအတိုင်းပင် တံဆိပ်မရှိသည့် ညဈေးတန်းတွင်ဝယ်လို့ရသော ဘတ်၁၅၀တန် တီရှပ်အဖြူပြောင်ပေါ် တံဆိပ်မရှိသော သားရေဂျာကင်ထပ်ကာ တံဆိပ်မရှိသော ဂျင်းဘောင်းဘီဝတ်ပြီး Samsonite ကျောပိုးအိတ်ကိုလွယ်‌လို့။

Build ကို မြင်တော့ Bible က မျက်မှောင် တစ်ချက်ကျုံ့ပြီး ပထမ ကျောပိုးအိတ်ကို ချွတ်သည်။ ပြီးတော့ သူ့ရဲ့ သားရေဂျာကင်ကို ချွတ်သည်။ ပြီးတော့ Build ကို သားရေဂျာကင် လှမ်းကမ်းပေးလိုက်ပြီး

"အနွေးထည်လဲပါမလာဘူး။ မနက်အစောကြီးလေကအေးတယ်" တဲ့။ ပြောပြီးတာနှင့် ဂျာကင်ကို လက်ထဲ ထိုးထည့်ပြီး လှည့်တောင်မကြည့်တော့။ သူ့ကျောပိုးအိတ်ကိုလဲ အရှေ့ရင်ဘတ်မှာ ပြောင်းပြန်လွယ်လိုက်သေးသည်။ ပြီးတော့ ဆိုင်ကယ်နောက်ခုံမှာ တွဲချည်ထားသည့် ဦးထုပ်အပိုကို ဖြုတ်လာသည်။ ခဏလေးနေပါဦး။

Build မှာ သားရေဂျာကင်က တစ်ဖက်၊ ကြောင်နားရွက် ပန်းရောင်တပ်ထားသည့် ဆိုင်ကယ်ဦးထုပ်ကြီးက တဖက်နှင့်။ ဘာလို့ နားရွက်ပန်းရောင်ကြီးနဲ့လဲ။ Bible ကကျ အထာကျကျ အနက်ရောင် Helmet နဲ့ သူ့ကျမှ Helmetက နားရွက်ကြီးနဲ့။ Bible က Build ရဲ့ အီလည်လည်မျက်နှာထားကိုရိပ်မိတော့ ဦးထုပ်ကို လက်ညှိုးထိုးပြပြီး

Learning Bible 101Where stories live. Discover now